ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1.1K 97 0
                                    

Chapter 33

ငါးအရသာဝက်သားမျှင်ထမင်း

ရှဲ့ရွှင်း  ဝါစိမ်းခြံဝင်းသို့ ပြန်ရောက်သောအခါ ကျန်းရှုယောင်က နေရာတိုင်းတွင် သူ့ကိုလိုက်ရှာနေသည်။သူက လန်းဆန်းတက်ကြွစွာပြန်လာသည်ကို သူမမြင်လိုက်ရသောအခါ မျက်မှောင်ကြုတ်၏။

"ရှင် ဘယ်တွေရောက်နေတာလဲ"

ရှဲ့ရွှင်းက  သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီး ယောင်ဝါးဝါး ပြောလိုက်သည်။

"ခဏလောက် လမ်းလျှောက်ဖို့ ခြံဝင်းကို သွားခဲ့တယ်"

"ဒီလောက် တိုက်ဆိုင်တယ်လား"

ရှဲ့ရွှင်းက အဝေးကို လှမ်းကြည့်၏။ သူ၏ မျက်တောင်ထူထူများကို အောက်စိုက်ပြီး တောင့်တောင့်ကြီး ခေါင်းညိတ်သည်။

ကျန်းရှုယောင် သူ့တွင် အကြောသေမျက်နှာရှိကြောင်း မကြာခဏ ညည်းညူလေ့ရှိသော်လည်း သူနှင့် အချိန်အတော်ကြာအချိန်ကုန်ဆုံးပြီးနောက်တွင် သူ့မျက်နှာပေါ်ရှိ ခံစားချက်များ တဖြည်းဖြည်း မြင်တွေ့လာရသည်။

ဥပမာအားဖြင့် သူ၏မျက်နှာသည် လက်ရှိတွင် အေးစက်တည်ငြိမ်နေဆဲဖြစ်သော်လည်း အမှန်မှာ အပြစ်ရှိဟန်တို့ ပြည့်နေသည်။

သူမကို မျက်နှာမူစဥ် အဘယ်ကြောင့် အပြစ်ရှိသလို ခံစားရသနည်း။ ကျန်းရှုယောင် နားမလည်နိုင်။

"မနက်ဖြန်နေ့လည်စာအတွက် အဆင်သင့်ဖြစ်နေပြီ...ရှင် ကျွန်မနဲ့လိုက်ခဲ့လို့ရတယ်"

ရှဲ့ရွှင်း သူမ၏အကြည့်ကိုမြင်ပြီး သူသွားသည့်နေရာအကြောင်းကို ဝန်ခံလုနီးပါးဖြစ်နေသည်၊ သူမ ရုတ်တရက် အကြောင်းအရာပြောင်းသွားသည်ကို ကြားလိုက်ရသောအခါတွင် သူတိတ်တဆိတ် စိတ်သက်သာရာရသွားပြီး သူမနောက်ကို လိမ်လိမ်မာမာဖြင့်  အမြန်လိုက်သွားခဲ့သည်။

ရှေးခေတ်က လက်မှုပညာသည်ကို ရှာရန် မလွယ်ပေ။ ကံကောင်းထောက်မစွာဖြင့် ကျန်းရှုယောင်က ချမ်းသာပြီး တစ်ရက်ပင်မရှိသေးခင်မှာပင် နေ့လယ်စာဘူး အမျိုးအစားအသစ်ကို ဖန်တီးရန် တစ်စုံတစ်ဦးကို တွေ့ရှိခဲ့သည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now