chapter 139

596 56 0
                                    

Chapter 139[Extra]
မော့ပေ

အခန်းထဲမှာ ခုနက အရူးအမူးစားနေသောလူတိုင်း ရုတ်တရက် ငြိမ်သက်သွားပြီး အရိုးကြီးတွေကိုပင် မလုကြတော့ပေ။တစ်ယောက်က တခြားတစ်ယောက်ထက် ပိုတိတ်ဆိတ်ပြီး ရိုးသားနေကြသည်။

"မဟုတ်ဘူး အားရှန့်...သမီး မှားသွားပြီ"

"ဟုတ်တယ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... နေ့ခင်းကြောင်တောင်ကြီး... ငါတို့က ဝိုင်ကောင်းတွေကို ဖြုန်းတီးတဲ့လူ မဟုတ်ဘူး"

ကျိုးရှီမိသားစုမှာ ကျိုးရှီအပြင် အကြောက်ဆုံးရလူမှာ  ရှဲ့ရှန့် ဖြစ်သည်။ ကလေးမလေး၏ အနေအေးခြင်းနှင့် ထုံထိုင်းထိုင်းနီးပါးနေခြင်းကို မကြည့်ပါနှင့်၊ သူမ၏ အပြောအဆိုနှင့် အပြုအမူများကြားတွင် သူတို့အား တူမလေး စိတ်ဆိုးမည်ကို စိုးရိမ်သောကြောင့် သူမရှေ့တွင် မအော်ဝံ့စေသည့် စွမ်းအားကို ထုတ်ဖော်ပြသတတ်သည်။

ရှဲ့ရှန့်က သူတို့ကို တစ်ချက်ကြည့်လိုက်ရာ ကြည့်ခံရသူတိုင်း လိပ်ပြာမလုံကြပေ။

"ကောင်းတယ် ...အမေသိရင် ဒေါသဖြစ်လိမ့်မယ်"

ရှဲ့ရှန့်က ဖြည်းညင်းစွာ ဆိုသည်။

"အရက်သောက်တာက ခန္ဓာကိုယ်ကို နွေးထွေးစေပေမဲ့အလွန်အကျွံသောက်တာက ဦးလေးတို့ကို နောက်ဆုံးမှာ ထိခိုက်စေလိမ့်မယ်...အေးရင် သိုးသား၊ ငရုတ်ကောင်း စသဖြင့် စားလို့ရတယ်လို့ အမေက ပြောတယ်"

လူတစ်စုက ခေါင်းညိတ်ပြသည်။

ရှဲ့ရှန့်က ပြုံးလိုက်သည်။ သူမက တောင့်တင်းနေသေးသော်လည်း မော့ပေကို ပထမဆုံးရောက်ဖူးသည့်အချိန်ကထက် အများကြီး ပိုကောင်းလာခဲ့သည်။

"သမီး အိတ်ကို ထုပ်ပိုးပြီး အပြင်ထွက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ... အခု သမီးရဲ့ ဦးလေးနဲ့ ဝမ်းကွဲတွေကို နှုတ်ဆက်ဖို့ လာတာပါ"

"ထွက်မယ်"

တစ်စုံတစ်ယောက်က အံ့ဩတကြီးထပြောသည်။

"ဘယ်သွားမလို့လဲ"

ရှဲ့ရှန့်က ဤမိသားစု၏ ဖြစ်ကတတ်ဆန်းနိုင်သော စရိုက်ကို သိပြီး အကူအညီမဲ့စွာပြောလိုက်ရ၏။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now