ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

879 71 0
                                    

Chapter 121
Sue Xing NwayJune 13, 2023
Chapter 121

ကောက်ညှင်းအစာသွပ် ကြက်တောင်ပံ (၁)





လူတစ်စုက ဗိုက်ပြည့်သွားပြီးနောက် ဝမ်းသာအားရ လမ်းလျှောက် ပြန်ကြသည်။

အစားအသောက်ဝိုင်းတော်သားများက  သူမ၏သေတ္တာကို ကူသယ်ကာ သူမနားမှာ လှည့်ပတ်သွားခဲ့သည်။သူမ လဲမှာစိုးရိမ်သည့်အတွက် သူတစ်ခုပြော၊ကိုယ်တစ်ခုပြောလုပ်နေကြသည်။

"မရီး သတိထား...ရှေ့မှာ တွင်းတစ်ခုရှိတယ်"

"ဟေ့ သစ်ကိုင်းရှိတယ် သတိထား"

ရှဲ့ရွှင်းသည် ကျန်းရှုယောင်၏ဝတ်ရုံလက်များကို ဆွဲရုံမှတပါး ရွေးချယ်စရာမရှိတော့၊ ကျန်းရှုယောင်က သူ့ကို ပြန်ကြည့်လိုက်သည်။

"သူတို့ကို ဂရုမစိုက်နဲ့"

သူက ဆို၏။

“သူတို့က ဆက်စားချင်နေကြလို့သာ"

ကျန်းရှုယောင် ရယ်ရမလို ငိုရမလိုဖြစ်သွားရသည်။

"ရပါတယ်...ကျွန်မသိပါတယ်...စိတ်မဆိုးပါဘူး"

ရှဲ့ရွှင်း ရင်တွင်းမှ ဟစ်အော်လိုက်သည်။ ဇနီးသည်၏ စိတ်နေစိတ်ထားသည် အရသာရှိသော အစားအစာများကို မျှဝေရသည်ကို နှစ်သက်ပြီး၊ ပျော်ရွှင်မှုက နှစ်သက်ဖွယ်ကောင်းသော်လည်း သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေသည်။

သူက ကျန်းရှုယောင်၏လက်မောင်းကို ကိုင်ထားပြီး သူမတောင်လမ်းပေါ်တွင် ခြေချော်မည်ကို စိုးရိမ်သဖြင့် သူမ၏ခြေထောက်များကို ကြည့်ကာသွားနေသည်။

ကျန်းရှုယောင် သူမလက်ကိုတွဲထားသည့် သူ့လက်က သန်မာတောင့်တင်းသည်ဟု ခံစားရပေမဲ့ သူမက စိတ်ပူပြီးပြောလိုက်၏။

"ရှင့်ဒဏ်ရာက မသက်သာသေးဘူး... ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်ပါ"

"ငါအဆင်ပြေပါတယ်"

ရှဲ့ရွှင်း ထိုသည်က ဘာမှကြီးကြီးမားမား မဟုတ်ဟု ထင်သည်။ ထို့အပြင် သူက ဂရုတစိုက်ရှိ၏။

"ဒဏ်ရာကွဲပြီး သွေးပြန်ထွက်လာရင် ဘယ်လိုလုပ်မလဲ"

ကျန်းရှုယောင်က ဆိုသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းOnde histórias criam vida. Descubra agora