Chapter 21
တို့ဟူးပုတ်ဟင်းရည်
ရှဲ့ရွှင်း နေ့လယ်စာမစားဘဲ ဗိုက်ဟောင်းလောင်းဖြင့် အလုပ်လုပ်နေကာ အလုပ်များလွန်းလှသည်။
ကျန်းရှုယောင်က သူနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ မွန်းတည့်ချိန်၌ ထမင်းအဝစားခဲ့ပြီး နေ့ခင်းဘက်တွင် ဘာမှလုပ်စရာမရှိပေ။ ထိုသို့ဖြင့် သူမ အဆာပြေ မုန့်တွေ ထပ်စားပါတော့သည့။
မီးဖိုချောင်ထောင့်က အိုးတစ်လုံးကို ထုတ်ယူပြီး ကောင်တာပေါ် တင်လိုက်၏။
ဤရက်ပိုင်းမှာ အစေခံများက သူမဘေးနားတွင် အရသာမျိုးစုံကိုမြည်းစမ်းခဲ့ကြသည်။ သူမမှာ စိတ်ကူးသစ်တွေရှိနေသည်ကို မြင်သောအခါ အိုးကြီးကို မျှော်လင့်စောင့်စားစွာကြည့်နေကြ၏။
ထိုနောက်တွင်ကား ကျန်းရှုယောင်က အဖုံးကိုဖွင့်ပြီး တူဖြင့် မီးခိုးမည်းရောင် တိုဟူးခြောက်တစ်ပိုင်းကို ထုတ်ယူနေသည်ကို တွေ့လိုက်ရသည့။
အစေခံများ မျက်လုံးများ ပြူးကျယ်သွားကြပြီး နှလုံးသားထဲရှိ စားချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားကြသည်။
တို့ဟူးပုတ်ခြောက်ကို အောင်မြင်စွာ အချဥ်ဖောက်ပြီးဖြစ်၍ ကျန်းရှုယောင် အလွန်ကျေနပ်နေသည်။
အနံ့ပြင်းပြီး အရသာပြင်းသည့် တို့ဟူး။ အဝေးကလူများပင် ထိုရနံ့ကို အနံ့ခံနိုင်၏။ သရေစာမုန့်လမ်း၌ သခင်တစ်ပါးအဖြစ် ဖော်ပြနိုင်သည်။
တို့ဟူးပုတ်ကို ချက်ပြုတ်ရန် ပထမအဆင့်မှာ ဆော့စ်ကို ချိန်ညှိရန် ဖြစ်သည်။ ရှီတာ့မှိုခြောက်နှင့် ပုဇွန်ခြောက်တို့ကို အမှုန့်ဖြစ်အောင် ထောင်း၊ ကြက်သွန်ဖြူနှင့် နွေကြက်သွန်ကို ပါးပါးလှီးပြီး ပန်းကန်လုံးတစ်လုံးထဲသို့ ကော်နယ်ဆီ၊ သကြားအနေတော် ၊ ပဲငံပြာရည်၊ ဆား၊ ရေတို့ကို ရောထည့်ပြီး သမအောင် မွှေရ၏။
ဒယ်အိုးတစ်လုံးယူပြီး ဆီပူအောင်တည်ကာ ဆီပူလာလျှင် တိုဟူးပုတ်ခြောက်ကိုထည့်သည်။
အစေခံများ ထိတ်လန့်သွားကာ အမြန်တားကြ သည်။
"သခင်မ...တို့ဟူးက ပျက်သွားပြီ...စားမရတော့ဘူး"
YOU ARE READING
ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း
Non-FictionNew Normal တစ်ပတ် သုံးပိုင်း update ပါမယ်ရှင် .. Normal novel page မွာ ဒီနေ့ပဲစဖတ်လို့ရပါပြီ Title - Ancient Foodeie Survival Guide Description ကျန်းရှုယောင်တစ်ယောက် ဝိညာဉ်ကူးပြောင်းကာ ဟိတ်ဟန်များသည့် ပုံစံနှင့် ကြိုးတိုးကြောင်တောင် ဝတ်စားဆင်ယင...