ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

671 75 3
                                    

Chapter 122
Sue Xing NwayJune 13, 2023
Chapter 122

ကောက်ညှင်းအစာသွပ်ကြက်တောင်ပံ (၂)



ကျန်းသခင်မလေးက ရှဲ့သခင်လေးကို လုယူခဲ့ပြီး ယနေ့တွင် သူမတို့၏ ထွန်းတောက််မှုကို ထပ်မံဖမ်းဆုပ်ရန် ရောက်ရှိလာခဲ့သည်။ဤသည်က သည်းမခံနိုင်စရာပင်။

မိဖုရားကြီး၏တူမက အရင်ဆုံး စပြောသည်။

"ရှဲ့သခင်မက ဒီကိုဘာလာယူလာတာလဲ မသိဘူး... သွေးထွက်နေပုံပဲ... နည်းနည်းကြောက်စရာကောင်းတယ်"

ကျန်းရှုယောင်က အခုမှ ထိုင်ခါစဖြစ်ပြီး သူမအလုပ်ကို သတိရသွားကာ ကိုယ်လုပ်တော်လင်းကိုပြောလိုက်သည်။

"စကားမစပ်...နျန်နျန်း ကျွန်တော်မျိုးမကို ပြောစရာမရှိရင် နျန်နျန်းရဲ့မီးဖိုချောင်ကို ငှားလို့ရမလား"

ကိုယ်လုပ်တော်လင်း ဒေါသအတော်လေးထွက်သွားသည်။သူမလို အကြံသမား ကိုယ်လုပ်တော်တစ်ယောက်မှာ ဒီလို မိုက်မဲတဲ့ တူမလေး ဘယ်လိုလုပ်ရှိနိုင်မလဲ...

သို့ပေမဲ့ သူမ ကျန်းရှုယောင်၏ လက်ရာကို တွေးမိသောအခါ ခေါင်းညိတ်လိုက်သည်။

"ရတာပေါ့... ဒါပေမဲ့  မင်း ငါ့နေရာကို သွားစရာ မလိုပါဘူး... ဒီမှာပဲ နေပြီးတော့ မိဖုရားရဲ့မီးဖိုချောင်ကို သုံးပါ... မမ ဘယ်လိုထင်လဲ"

အနှီကောင်မလေးများကို ချိုးနှိမ်ရန်အလှအပကို အသုံးမချနိုင်ပါက မိဖုရားကြီး၏ မျက်လုံးတွေကို အနိုင်ယူရန် ဟင်းချက်ကျွမ်းကျင်မှုကို အသုံးပြုသည်က ကောင်း၏။

မိဖုရားကြီးက သဘာဝအတိုင်း ခေါင်းညိတ်လိုက်သည်။

ကျန်းရှုယောင်က မိဖုရားကြီး၏တူမ မေးသည့်မေးခွန်းကိုဖြေလိုက်သည်။

"ဒါက သွေးမဟုတ်ဘူး...ကျွန်မလုပ်ထားတဲ့အရသာအနှစ်ပဲ"

စကားပြောပြီးနောက် မိဖုရားကြီး နှင့် ကိုယ်လုပ်တော်လင်းကို ဦးညွှတ်ပြီး ပြန်ထွက်လာခဲ့သည်။ သူမ ကြက်တောင်ပံများကို ကိုင်တွယ်ရန် အနောက်ဘက်သို့ သွားခဲ့သည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWo Geschichten leben. Entdecke jetzt