ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1K 96 0
                                    

Chapter 50

ဝက်သား ဆေးဘဲဥဆန်ပြုတ်

ရှဲ့ရွှင်း အလုပ်မှပြန်လာသောအခါ သူဝင်လိုက်သည်နှင့် ခြံဝင်းထဲတွင် ကျန်းရှူယောင်ရံဖန်ရံခါလေးညှင်းခံလေ့ရှိသောနေရာ၌ စားပွဲတစ်လုံးကိုတွေ့လိုက်ရသည်။

သူ လျှောက်သွားသောအခါ စားပွဲပေါ်မှာ ကျန်းရှုယောင် ရေးထားသည့် ဟင်းချက်နည်းများနှင့် ပြည့်နေသည်ကို တွေ့လိုက်ရ၏။

သူမ၏ လက်ရေးက ရှုပ်ပွနေပြီး လက်နှင့် ခြေထောက်များ ကင်းမဲ့နေပုံရသည်။

သူမက စာမတတ်ကြောင်း ကောလာဟလများ က မှန်ကန်ပုံရသည်။ ချဲ့ကားမှုလုံးဝမရှိခဲ့ပါချေ။  ရှဲ့ရွှင်း ခေါင်းကို အသာအယာယမ်းကာ သူမ၏စကားလုံးများကို ဖြည်းဖြည်းချင်းမှတ်ရန် စာရွက်တစ်ရွက်ကို ကောက်ယူလိုက်သည်။

ထိုအချိန်တွင် ကျန်းရှုယောင်က သူမလက်ထဲတွင် ပန်းကန်နှစ်လုံးနှင့် မီးဖိုချောင်ငယ်လေးမှ ထွက်လာသည်။ သူမနောက်တွင် အမြီးလေးများကဲ့သို့ အစက်လေးနှစ်စက်က သူမနောက်ကို လိုက်နေသည်။

"တတိယဦးလေး "

ရှဲ့ကျောက်က ကျယ်လောင်စွာအော်လိုက်သည်။

ရှဲ့ရွှင်းက စာရွက်ကိုချလိုက်ပြီး ခေါင်းညိတ်ပြကာ သူ့ဆံပင်တွေကို ပွတ်သပ်ပေးရင်းဆိုလိုက်၏။

"မင်းဘာလို့ဒီကိုရောက်နေတာလဲ"

'ဒါက အဓိပ္ပာယ်မရှိဘူးမလား...တတိယအဒေါ်အတွက်ရောက်နေတာပေါ့'

ရှဲ့ကျောက်က တုံ့ဆိုင်းသွားသော်လည်း ပြန်မဖြေ။

'တောင်းပန်ပါတယ် တတိယဦးလေး...တတိယအဒေါ်က သားနှလုံးသားထဲက ဦးလေး ရဲ့ရာထူးကို သိမ်းပိုက်လိုက်ပြီ'ဟု သူ့စိတ်ထဲမှာ တိုးတိုးလေးပြောလိုက်သည်။

ကျန်းရှုယောင်က သူမလက်ထဲက ပန်းကန်လုံးကို ချလိုက်ပြီး သက်ပြင်းချရင်းဆို၏။

"ဒီနေ့ အိမ်စာတွေ ပြီးပြီမို့ ရှားရှားပါးပါး အားလပ်ချိန်ရလို့ ဒီကို လာတာတဲ့လေ "

'မြို့စားရှဲ့အိမ်တော်မှာ  နေရာတိုင်းမှာ စာပေအငွေ့အသက်တွေ ရှိနေသည်မှာ အံ့သြစရာမရှိတော့ပေ။ လူတိုင်းက ငယ်စဉ်ကတည်းက တင်းကြပ်စွာ ပညာသင်ကြားခဲ့ကြသည်ကို တွေ့ရသည်။'

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now