ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1K 99 1
                                    

Chapter 28

နေ့လည်စာဘူး

ရှဲ့ရွှင်းအိပ်ရာထ နောက်ကျပြန်သည်။ သူ မနေ့ညက ကောင်းကောင်းအိပ်ပျော်ပြီး မနက်အိပ်ရာထရန်က တကယ်ကို ခက်ခဲ၏။

သူ မျက်နှာသစ်ပြီး အမြန်အဝတ်အစားဝတ်လိုက်သည်။ မထင်မှတ်ဘဲ သူ့မှတ်ဉာဏ်က ရုတ်တရက် နိုးထလာပြီး မနေ့ညက အပိုင်းအစတွေ အားလုံး သူ့စိတ်ထဲကို စိမ့်ဝင်သွား၏။

သူ သူ၏ ၀တ်စုံကို ကမန်းကတန်း ၀တ်ဆင်နေ ဆဲဖြစ်သော်လည်း  အပ်စိုက်မှတ်တွင် အသာအထောက်ခံရသကဲ့သို့ ရုတ်တရက် သူ့တစ်ကိုယ်လုံး တန့်သွားသည်။ သူ့ဝတ်ရုံလက်တွေက သူ့လက်ထဲမှာ ရှိနေတုန်းဖြစ်ပြီး သူ့ပုံစံက အေးခဲနေ၏။

သူအေးခဲနေသည်ကိုတွေ့သောအခါ ကျိမော့ရှုပ်ထွေးသွားသည်။

"သခင် အလုပ်နောက်ကျတော့မယ်..."

သူစကားမဆုံးခင်မှာ ရှဲ့ရွှင်း၏ ပုံမှန်မဟုတ်သည့်အသွင်အပြင်ကို တွေ့လိုက်ရ၏။

သူ၏ဖြူဖွေးသောမျက်နှာက ထူးကဲလှပသော  နီမြန်းမှုဖြင့် စွန်းထင်းသွားသည်။ သူ့မျက်နှာ ပူလာသည်။ အပူဒဏ်ကြောင့် သူ့မျက်လုံးများပင် မြူဆိုင်းသွားရ၏။

သူ၏ အနက်ရောင်မျက်လုံးများသည် တောက်ပပြီး အရည်လဲ့နေကာ မျက်ခုံးမွှေးများက မျက်မှောင်ကြုတ်နေလျက် သူ့မျက်နှာပေါ်ရှိ အမူအရာများက ဆက်တိုက်ဆိုသလို ပြောင်းလဲနေပြီး နောက်ဆုံးတွင် ဒေါသနှင့် အရှက်ရမှုအဖြစ်သို့ ပြောင်းလဲသွားသည်။

"သခင်..."

ကျိမော့ သူ့ကို ထပ်ခေါ်လိုက်ပြီး ရှဲ့ရွှင်း  သတိပြန်ဝင်လာ၏။ သူ့မျက်နှာက ပူလာပြီး ပို၍ပင် ထိတ်လန့်သွားကာ ဖရိုဖရဲအဝတ်အစားတွေနှင့် ပြေးထွက်သွားသည်။

"သခင်... ကျောက်စိမ်းဆွဲသီးးးး"

"သခင် ...ခါးပတ် မချိတ်ရသေးဘူးးးး"

"သခင်...လည်ပင်းကြိုး...လည်ပင်းကြိုးးး"

ရှဲ့ရွှင်းက ရှေ့သို့ အလျင်အမြန် ပြေးသွားကာ လူငယ် နှစ်ယောက်က သူ့နောက်သို့ ပြေးလိုက်ကြသည်။ ရုတ်တရက် ပုံသဏ္ဍာန်တစ်ခု တွေ့လိုက်ရသောအခါ သူဘေးနားကို ပျာပျာသလဲ ပြေးသွားပြီး ချုံပုတ်ထဲ ရောက်သွားသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now