Chapter 11
လူတိုင်းမှာ သူ့ကိုသာကြည့်နေကြပြီး ဒါရိုက်တာသည်လည်း ဤသည်မှာဆွေးနွေးလို့ကောင်းမည့်အရာဟုထင်နေသောကြောင့် ကင်မရာမန်းကို အနီးကပ်ရိုက်ရန် အချက်ပြလိုက်သည်။
ကင်မရာမန်းမှ အချက်ပေးချက်အတိုင်း ရိုက်ချက်ကိုပြောင်းလိုက်စဉ် ချီရှင်းချန်၏အနာအဆာမရှိ ရှင်းသန့်နေသောမျက်နှာလေးမှာ ဒါရိုက်တာ၏မော်နီတာတွင် ပေါ်လာခဲ့သည်။
ထို့နောက် ချီရှင်းချန်၏ မျက်တောင်တစ်ချက်ခတ်ကာ အလွန်ရိုးသားဟန်ဖြင့် ပြောလိုက်သည်ကိုသာ မြင်လိုက်ကြရသည်
" ကျွန်တော့်ရဲ့အိုင်ဒေါက မှော်ဆရာတစ်ယောက်ပါ…"
" ဘာကိုဆိုလိုတာလဲ…"
" အလှတရားကိုသာ မှော်အဖြစ်ပြောင်းနိုင်မယ်ဆိုရင်ပေါ့…" ချီရှင်းချန် ခဏရပ်လိုက်ပြီး " ဒီလိုသာဆိုရင် ကျွန်တော့်အိုင်ဒေါက ကမ္ဘာကြီးကိုတောင် သူတစ်ယောက်တည်းနဲ့ ကယ်တင်နိုင်လိမ့်မယ်…"
အခန်းတွင်းရှိ လူအားလုံးမှာ သုံးစက္ကန့်မျှတိတ်ဆိတ်သွားခဲ့သည်။
" ဟားဟားဟားဟား… အဟွတ်…" ထို့နောက် ရယ်သံကြီးတစ်ချက် ပေါ်ထွက်လာသည်။
" ရှင်းရှင်းရေ ငါတော့ထပ်မလုပ်နိုင်တော့ဘူး…"
လက်ထောက်ဒါရိုက်တာမှ ဗိုက်ကိုနှိပ်ကာ အူလှိုက်သည်းလှိုက်ရယ်မောနေပြီး မျက်ရည်များဝင်ဝေ့သီနေခဲ့ရသည်
" ဒီလိုပေါက်ကရမျိုးကို ဘယ်ကနေသင်လာတာလဲ.."
ချီရှင်းချန်မှာမူ သူ့အပေါ်မှားယွင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး " ကျွန်တော်ပေါက်ကရပြောတာမဟုတ်ပါဘူး … အမှန်ကိုပြောတာပါ.."
" အိုကေ အိုကေ အိုကေ အမှန်လို့ပဲထားလိုက်ပါတော့…ငါသာမင်းအိုင်ဒေါဖြစ်နေခဲ့ရင် ငါတော့ဒီစကားတွေနဲ့တင် အပျော်လွန်ပြီး လေပေါ်မြောက်တက်သွားနိုင်တယ် ဟားဟားဟားဟား…."
" အမှန်ပဲ ငါတို့ကော ဘယ်အချိန်ကြမှ ဒီလိုမြှောက်ပင့်တတ်တဲ့ဖန်လေးရမှာလဲဟင်… အရမ်းမနာလိုဖြစ်ရတာပဲ… အူးဝါးဟားဟား…"
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး