Chapter 52
ဖျော်ဖြေပွဲအပြီးတွင် ချီရှင်းချန် ကျေနပ်အားရမှုမရှိပါဘဲ တစ်စုံတစ်ရာ ပျောက်ဆုံးနေသလို ခံစားခဲ့ရသည်။
ထောင်ထောင်က ရေထဲမှထွက်လာပြီး ဘယ်လိုနေလဲဟု ရှန့်ယွီလျန်ကိုမေးလိုက်သည်။
ရှန့်ယွီလျန်က လေးမိနစ်နီးပါး ရေအောက် ရိုက်ကူးမှုကို နှစ်ကြိမ်တိတိ ဂရုထားပြီး ကြည့်ရှုခဲ့သည်။ သိသာသည်က၊ သူ အလွန်ကြီး မကျေနပ်ပေ။
"မလုံလောက်ဘူး...ထောင်ထောင် မင်းရဲ့ လှုပ်ရှားမှုတွေက မပျော့ပျောင်းဘူး၊ မလှဘူး"မပျော့ပျောင်းဘူး၊ မလှဘူး…
ချီရှင်းချန် ရုတ်တရက် သဘောပေါက်သွား၏။မလုံလောက်ဘူးဟု သူခံစားရသည်က အံ့သြစရာမရှိပါချေ။ထောင်ထောင် ကခုန်ခြင်းကို တစ်ခါမှ မသင်ယူခဲ့ဖူးသဖြင့် ခန္ဓာကိုယ်က တောင့်တင်းနေခဲ့သည်။ ဖျော်ဖြေတင်ဆက်မှုတွင် ကကွက်များစွာမရှိသော်လည်း အဓိကအားဖြင့် ဝေလငါးဖြူများနှင့် အပြန်အလှန်တုံ့ပြန်ရန်မှာ အက၏နူးညံ့သိမ်မွေ့ပြီး လှပသောပုံစံမရှိသောကြောင့် ဖျော်ဖြေမှုတစ်ခုလုံးကို ဆွဲဆောင်မှုနည်းပါးသွားစေသည်။
"ဒါဆို ကျွန်မထပ်လုပ်မယ်"
ထောင်ထောင်က ပြောသည်။"ရေထဲမှာပထမဆုံးအကြိမ် ရိုက်ကူးတာမလို့နေမယ် ...ကျွန်မခန္ဓာကိုယ်က တောင့်တင်းနေတယ်...ကျွန်မ ထပ်လုပ်ပါရစေ"
ရှန့်ယွီလျန်က ခေါင်းညိတ်ပြပြီး ရေအောက်ကင်မရာကို ဒုတိယအကြိမ် ပြင်ဆင်သည်။
ကံမကောင်းစွာဖြင့် ဒုတိယအကြိမ်သည် ပထမအကြိမ်နှင့် ကွဲပြားခြင်းမရှိခဲ့ပေ။
ချီရှင်းချန်၏ ရေအောက်ဝန်ခံချက်နှင့် ထောင်ထောင်၏ ရေအောက်အကသည် ဇာတ်ဝင်ခန်းနှစ်ခု ဆက်တိုက်ဖြစ်သည်။ရှန့်ယွီလျန် စိုးရိမ်တကြီး ဆံပင်ကိုဆွဲလိုက်သည်။
"ဘာလုပ်ရမလဲ... မင်းကိုသင်ပေးဖို့ ရေအောက်အကသမားကို ငှားရမလား"
"ဒါရိုက်တာရှန့်"
ထောင်ထောင်က ဟောဟဲလိုက်နေသည်။
"ကျွန်မ လုပ်နိုင်သေးတယ်"
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး