Chapter 106📚

2K 219 8
                                    

Chapter 106

အိမ်မှာ သုံးရက်နေကာ သူ့မိသားစုကို ပျော်အောင်ထားပြီးနောက်၊ ချီရှင်းချန် ဟိုတယ်ကို အပြေးအလွှားပြန်လာခဲ့သည်။

အရင်တုန်းက' တစ်ရက်မတွေ့ရသည်ကို သုံးနှစ်သုံးမိုးလောက်ထင်'ကို သူ နားမလည်ခဲ့ပေ။ယခု သူနားလည်သွားပြီ​​ဖြစ်၏။ချွေးတွေကို သုတ်ပြီး ကုတင်ပေါ် လှဲချလိုက်သည်။ တစ်ချိန်တည်းတွင်၊ သူ ပိုင်ရဲ့၏ WeChat သို့ စတစ်ကာတစ်ခု ပေးပို့ခဲ့သည်။
[Hello duck.gif]

ပိုင်ရဲ့ သူ့ဖုန်းကို ဖွင့်ကြည့်လိုက်သောအခါ ဖုန်းမျက်နှာပြင်ကို အဝါရောင် ခြေဖဝါးတွေဖြင့် ယက်ကန်ယက်ကန်လုပ်နေသည် ဘဲဖြူ အကောင်ကြီး တစ်ကောင်ကို မြင်လိုက်ရသည်။

သူပြုံးပြီး စတစ်ကာတစ်ခု ပို့လိုက်သည်။ [ကြောင်သီချင်းဆိုနေပုံ .gif]

ရှင်းရှင်း: [!]

ရှင်းရှင်း:[ကော ကျွန်တော့်စတစ်ကာကို ခိုးသွားတယ်!]

ပိုင်ရဲ့ အကူအညီမဲ့သွားရသည်။
[ကိုယ် အရင်တုန်းက စတစ်ကာတွေကို မသိမ်းထားဘူး]

သူက အမြဲတမ်း ပြောစရာရှိသည်ကို ရိုးရိုးပဲပြောတတ်ပြီး စတစ်ကာတွေ၊အီမိုဂျီတွေမသုံးခဲ့ပါချေ။ သူ့ဖန်လေးနှင့် တွဲပြီးသည့်အခါ သူ့ဖန်လေး၏ ဦးနှောက်လှိုင်းတွေနှင့် ကိုက်ညီအောင် စတစ်ကာတွေကို နေရာအနှံ့ ရှာဖွေခဲ့ရသည်။

ချီရှင်းချန်: [မဟုတ်ဘူး...ကော ကျွန်တော့်စတစ်ကာကို ယူသွားတယ်...ကျွန်တော့်ကိုလျော်ကြေးပေးရမယ်]

ပိုင်: [ကောင်းပြီ မင်းဘာလိုချင်တာလဲ]

ရှင်းရှင်း : [အာတိတ်ခုံးကောင် စားချင်တယ်]

ရှင်းရှင်း: [နေ့လည်စာစားနားချိန်ကျရင် ကျွန်တော်ကောကို ဂျပန်စာ ကျွေးမယ်]

နေ့လယ်စာစားနားချိန်...

ပိုင်ရဲ့က ခဏရပ်လိုက်သည်။
[ပြန်လာပြီလား?]

ရှင်းရှင်း : [ဟုတ်ကဲ့!]

ပိုင်: [အခုမှဆယ်နာရီဝန်းကျင်ပဲရှိသေးတယ်... ဘယ်အချိန်ကထတာလဲ]

ရှင်းရှင်း: [ခြောက်နာရီလို့ထင်တယ်... မမှတ်မိတော့ဘူး]

ပိုင်: [ဘာလို့ အိပ်ရေးဝအောင်မအိပ်ရသေးဘဲထတာလဲ]

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now