Chapter 161
ပိုင်ရဲ့အတွက် ချီရှင်းချန်ကို မတွေ့ရသည်မှာကြာပြီဖြစ်၍ သူ့အပေါ်မှာ ရှိသမျှ အားအင်တွေကို သုံးဖြုန်းပစ်ချင်သလိုပါပင်။ နှစ်နာရီနီးပါးလောက် အချစ်စခန်းဖွင့်ပြီးမှ နောက်ဆုံးမှာ သူ့ကို လွှတ်ပေးလိုက်သည်။
နှစ်ယောက်သား ပြန်ရောက်ချိန်က ညနေ ခြောက်နာရီပင် မထိုးသေးပေ။ ယခုရှစ်နာရီထိုးခါနီးပြီဖြစ်၏။ချီရှင်းချန်တစ်ယောက် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ့အသံက ပြာလွန်းနေ၍ သူနှင့်ပင်မတူတော့။
"ရဲ့ကော ဗိုက်ဆာနေပြီလား"ပိုင်ရဲ့: "ကိုယ်က အဆင်ပြေပါတယ်"
"ဒါဆို ဒီနေ့တော့ မလုပ်တော့ဘဲနေကြရအောင်... အပြင်ထွက်စားရအောင်လေ...ကော ဒီကိုလာဖို့က မလွယ်ဘူး...ကျွန်တော် ကောကို ကောင်းကောင်းဧည့်ခံမယ်"
သူ့ချစ်သူလေး၏ ရှင်သန်လွတ်မြောက် လိုသောဆန္ဒကို ခံစားရပြီး ပိုင်ရဲ့ ရယ်မောကာ သူ့ကို လှမ်းကြည့်လိုက်သည်။
"မင်း အခု ဧည့်ခံနေတာပဲမဟုတ်ဘူးလား""...ဒါကဘာဟုတ်မှာလဲ"
ချီရှင်းချန်က တုန်ရီနေသော ခြေထောက်များဖြင့် ကုတင်ပေါ်မှ ဆင်းလိုက်သည်။
"ဒီမှာ အထူးထုတ်ကုန် အများကြီးရှိတယ်...ကောကို အဲဒါတွေအားလုံးကို မြည်းစမ်းကြည့်ဖို့ခေါ်သွားမယ်လေ... ဘယ်လိုလဲ"ပိုင်ရဲ့က မကျေမနပ်နှင့် ခေါင်းညိတ်ပြသည်။
ချီရှင်းချန် သက်ပြင်းတစ်ချက်ချကာ ဖိနပ်ကောက်ဝတ်ပြီး ထွက်ပြေးလာခဲ့သည်။
သူ့ခြေထောက်နှင့် ခန္ဓာကိုယ်ပေါ်၌အနှံ့ရှိနေသော အညစ်အကြေးများကို သန့်ရှင်းရေးလုပ်ပြီးနောက်၊ ချီရှင်းချန် ဒါရိုက်တာကျန့်ထံမှ ကိုယ်ပိုင်ကားငှားကာ ပိုင်ရဲ့နှင့် အားလွင် တို့နှင့်အတူ ကာားထဲကို တိတ်တဆိတ် ဝင်ရောက်ခဲ့သည်။ ရုပ်ရှင်မြို့တော်တစ်ဝိုက်မှာ ပါပါရာဇီတွေ အများကြီးရှိသဖြင့် သူပိုင်ရဲ့ကို လျှောက်ပတ်လည်ရန်ခေါ်မသွားဝံ့ပေ။အားလွင်ကို မြို့ကနေ ဖြည်းဖြည်းချင်းပဲမောင်းခိုင်းခဲ့သည်။။ သူက ပိုင်ရဲ့ကိုပုခုံးချင်း တိုက်ပြီးမေးလိုက်သည်။
"ရဲ့ကော စားချင်တာတစ်ခုခုရှိလား"
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး