Chapter 73
ပိုင်ရဲ့ လှည့်ကာ သူ့ဂျာကင်အကျီကို ယူပြီး သူ့ဟူဒီအပေါ်မှ ဝတ်လိုက်သည်။
ချီရှင်းချန်က လုံခြုံရေး တဲနားသို့ ဦးစွာ လျှောက်သွားပြီး မှန်ကို ခေါက်ကာပြောလိုက်သည်။
"ဦးလေး... ကျွန်တော့်အတွက် ဘေးတံခါးကို ဖွင့်ပေးပါ"
ငှက်ဥယျာဥ်ရှိ ကြက်တူရွေး အဖြစ်အပျက်ကစ၍လုံခြုံရေး အစောင့်က "ဘော့စ်ကို မသိဘူး" ဆိုသည့် သံမဏိစည်းမျဥ်းကို အမြဲ စိတ်ထဲစွဲနေခဲ့သည်။သူက ရုပ်တည်ကြီးဖြင့်ငြင်းလိုက်၏။
"အလုပ်ဆင်းချိန်ရောက်ပြီ...မနက်ဖြန်မှပြန်လာခဲ့"
ပိုင်ရဲ့: "... ဖူးးး"
ပိုင်ရဲ့နဲ့ အတူရှိတိုင်း သူဘာလို့ အမြဲအရှက်ကွဲနေရတာလဲ...
ချီရှင်းချန် အကြိမ် အနည်းငယ် အသက်ပြင်းပြင်းရှူပြီး ငိုချင်နေသည့်အသံဖြင့်ပြောလိုက်သည်။
"ဦးလေး...အခု ကျွန်တော့်ကို သိလို့ပါပြီ... ကျွန်တော် သူငယ်ချင်းကို လည်ဖို့ ဒီကို ခေါ်လာတယ်...ကျွန်တော်တို့အတွက် တံခါးဖွင့်ပေး"လုံခြုံရေးအစောင့်က သံသယရှိသော်လည်း တံခါးကိုဖွင့်ပေးလိုက်ဆဲဖြစ်သည်။
သူတို့ဝင်သွားပြီးနောက် ချီရှင်းချန် နေရာအသီးသီးက သော့များကို လုံခြုံရေးအစောင့်ဆီကတောင်းလိုက်သည်။
"ဘယ်ကိုအရင်သွားမလဲ"
"တိရိစ္ဆာန်အများစုက အခုအချိန်မှာ အိပ်ပျော်နေလောက်တယ်"
ပိုင်ရဲ့က ခဏလောက်စဉ်းစားပြီးဆို၏။
"ပြပွဲခန်းမနဲ့ တခြားအရာတွေကို လျှောက်ကြည့်ရအောင်"သူပြောသည်က အဓိပ္ပာယ်ရှိသည်။ချီရှင်းချန် တိရစ္ဆာန်များ၏ အနားယူမှုကို မနှောင့်ယှက်လိုပေ။သူတို့ နှစ်ဦးသဘောတူ သဘောတူညီမှု ရရှိခဲ့သည်။ချီရှင်းချန် သူ့ကို အဏ္ဏဝါပြတိုက်ကို အရင်ခေါ်သွားလိုက်၏။
သို့သော် သူဝင်လာသည်နှင့် တပြိုင်နက် နောင်တရမိသွားသည်။
ညဘက်တွင် ဗလာကျင်းနေသော အဏ္ဏဝါပြတိုက်၌ အဏ္ဏဝါကျောက်ဖြစ်ရုပ်ကြွင်းများနှင့် အရိုးနမူနာများ ပြည့်နေသော အခန်းက ၎င်းတို့ကို စိုက်ကြည့်နေသည်။
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး