Chapter 107
ဂီတနုတ်ကို ယခင်က အနည်းနှင့်အများ ဆွေးနွေးခဲ့ပြီး ယခုအခါ ပြေလည်လုနီးပါးဖြစ်နေပြီဖြစ်၏။ နောက်တဆင့်မှာ သီချင်းစာသားများကို ဖြည့်စွက်ရန်ဖြစ်သည်။
ကျန့်ယွီယန်က ဟာသလုပ်လေသည်။
"ငါတို့က ဂီတကို ကြိုးကြိုးစားစား လုပ်နေချိန်မှာ ကျားရီနဲ့ရှောင်ချီက စားသောက်ပြီး ပျော်နေတယ်...မတရားဘူးမလားဝေ့"ဝေချင်ကဆိုသည်။
"ဟုတ်တယ်...မတရားဘူး""ဟေ့ကောင် ငါမင်းကိုပြောနေတာ"
ကျန့်ယွိယန်က ချီရှင်းချန်ကို လက်ညိုးထိုးလိုက်သည်။
"စပျစ်သီးစားတာကို ရပ်လိုက်...ငါတို့ကို အကြံဥာဏ်ကူထုတ်ပေး""ကောင်းပြီ"
ချီရှင်းချန် သူ့ဖင်ကို လက်ဖြင့်ခါပြီး မတ်တပ်ရပ်လိုက်၏။
"ဘယ်နေရာမှာ ကျွန်တော်တို့ကိုလိုအပ်တာလဲ"ကျန့်ယွီယန်က ဘာမှ မပြော။ သူ့ဖုန်းကို ထုတ်ပြီး တေးသွားတစ်ခုဖွင့်ပြသည်။
"နင်တို့ ဒီသီချင်းကို လုပ်ထားတာလား"
ချန်ကျားရီက မေးသည်။"ဟုတ်တယ်"
"ကောင်းပြီ ...ကောင်းကောင်း နားထောင်"
"အခု သီချင်းစာသားကို ဖြည့်ဖို့ လိုတယ်"
ဝေချင်က ပြောသည်။
"ကျဲ ...လိုင်းနည်းနည်းလောက် စဉ်းစားပေးပါဦး"ထို့နောက် သူက ခေတ္တရပ်လိုက်သည်။
"ချီလောင်ရှီး မင်းမှာ အကြံဥာဏ်တွေ ရှိရင်၊ ဆွေးနွေးမှုမှာ မင်းလည်း ပါဝင်နိုင်တယ်"ဝေချင်က ချန်ကျားရီကို "ကျဲ" ဟု ခေါ်ပေမဲ့ သူ့ကို "ချီလောင်ရှီး" ဟု ခေါ်ခဲ့၏။ သူက ချန်ကျားရီးအား သီချင်းစာသားဖြည့်စွက်ရန် အကူအညီတောင်းခဲ့သော်လည်း သူ့ကိုမူ "အကြံဥာဏ်များရှိပါက ဆွေးနွေးမှုတွင် ပါဝင်ပါ" ဟု ခိုင်းခဲ့သည်။
ချီရှင်းချန်ကို သူတို့လေးယောက်ထဲက ဖယ်ထုတ်လိုက်သည်မှန်း ထင်ရှား၏။
သို့သော် သူ မမှားပါချေ။ချီရှင်းချန်၏အထောက်အထားမှာ နည်းပြမဟုတ်ဘဲ ကြယ်အလင်းတန်းအကဲဖြတ်သူဖြစ်သည်။
ရှိူးအစတွင် လူကြိုက်များစေရန်အတွက် သူ့ကို အမြောက်စာအဖြစ် သတ်မှတ်ခဲ့သည်။
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး