Chapter 140
ဘုရားသခင်ထံ အပ်နှံထားခဲ့သော သူ၏ မာနက ချက်ချင်းပင် မူလနေရာသို့ ပြန်ရောက်လာခဲ့သည်။
"ကျွန်တော့်ကို ဒီလိုမချီနဲ့"
သူ အသံတိုးတိုးနှင့် သတိပေးလိုက်သည်။ပိုင်ရဲ့က ညှိနှိုင်းရအလွန်လွယ်သည်။ "ဒါဆို မင်းကိုယ့်ကို ဘယ်လိုချီစေချင်တာလဲ"
ချီရှင်းချန်: "ဘယ်လိုမှ မချီစေချင်ဘူး"
ပိုင်ရဲ့က ခဏလောက် တွေးပြီး သူ့ကို စင်တီမီတာတစ်ဒါဇင်လောက်သာကျယ်သည့် ပြတင်းပေါက်ဘောင်ပေါ်မှာ ချလိုက်သည်။
ထို့နောက် တစ်ဖက်လူ၏ခြေထောက်ကြားကို တိုးဝင်လိုက်သည်။
ပြတင်းပေါက်ဘောင်က ကျဉ်းလွန်းသည်။ချီရှင်းချန်၏ တင်ပါးက အစွန်းကို ထိရုံမျှသာထိသညခ။ ပြုတ်မကျစေရန်အတွက် ခြေထောက်များကို တစ်ဖက်လူ၏ခါးတွင် ချိတ်ထားရုံသာတတ်နိုင်သည်။
... မင်းသမီးလေးလို ကောင်းကောင်းအဆက်ဆံမခံရ၍ ချီရှင်းချန်အခဲမကြေ ဖြစ်နေသည်။
သို့ပေမဲ့ အပြစ်တင် စွပ်စွဲရန်က အတော်လေးနောက်ကျသွားပြီဖြစ်၏။သူတို့နှစ်ယောက် တိုက်ပွဲဖြစ်နေကြစဉ် နာရီက စတင်ရေတွက်နေပြီဖြစ်သည်။
"တစ်ဆယ်၊ ကိုး၊ ရှစ်၊ ခုနစ်—"
ဘေးခန်းက မိန်းကလေးက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။ချီရှင်းချန် သူမဆီက ဦးဆောင်ခံလိုက်ရပြီး သူ့ယ၏လက်ရှိအခြေအနေကို ခဏမေ့သွားခဲ့သည်။ သူက ပြတင်းပေါက်ကို လှမ်းကြည့်ရင်း အော်လိုက်သည်။
"ခြောက်၊ ငါး၊ လေး၊ သုံး…"သုံးကို ရေတွက်လိုက်ချိန်မှာ သူက ရုတ်တရက် နောက်ပြန်လှည့်လိုက်သည်။ ထို့နောက် ချက်ချင်းဆက်ရေသည်။
"နှစ် တစ်""ရွှီး"
"ဖောင်း"
"ဒိုင်း"
ပြိုးပြိုးပြက်ပြက် အလင်းတန်းများက လေထဲ၌ ပွင့်လန်းနေပြီး မီးရှူးမီးပန်းများက မှောင်မဲနေသော ညကိုအလင်းရောင် ထွန်းညှိပေးသည်။ မီးရှူးမီးပန်းကြည့်ရန် တကျီကျီလုပ်နေသော ချီရှင်းချန်က မီးရှူးမီးပန်းများကို မကြည့်ခဲ့ပေ။ သူနှင့် မျက်နှာချင်းဆိုကလူကိုသာ တည့်တည့်ကြည့်၍နေသည်။
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး