Chapter 117

1.5K 225 4
                                    

Chapter 117

ထို့ကြောင့် သူ နို့ကို အမြန်ကုန်အောင်သောက်ပြီး သူမနှင့် ခဏလောက် စကားစမြည်ပြောပြီးနောက် တစ်စုံတစ်ယောက်အား သူမကို ကားပေါ်လိုက်ပို့ခိုင်းရန် ပြင်ဆင်ခဲ့သည်။

ထောင်ထောင်၏ အသံက နူးညံ့၍​နေသည်။
"ဘယ်လိုနေလဲ...သောက်ပြီးသွားတော့နေသထိုင်သာပိုရှိလာလား"

"နည်းနည်းပိုကောင်းလာတယ်"

"ရှင် ဓာတ်ခွဲခန်းထဲ နေ့တိုင်းရောက်တယ်လို့ ထောင်ရွှမ်ရဲ့ ဆရာဝန်ဆီကနေ ကျွန်မကြားတယ်...ဒီနေ့ဘာလို့ အရက်သောက်ဖို့ စဉ်းစားတာလဲ"
ထောင်ထောင်က မျက်​လုံးအနည်းငယ်​ပြူးလိုက်သည်​။ သူမ၏မျက်လုံးများက တလက်လက် တောက်ပနေပြီး အလွန်လှပသည်။

"စိတ်​မ​ကောင်းဖြစ်​စရာရှိလို့လား"

အရက်သောက်ရသည့် အကြောင်းရင်းကို ထည့်ပြောလာသောအခါ လျန်ကျင်း ခေါင်းကွဲမတတ်ကိုက်လာသည်။ သူက တခြားသူတွေနှင့် စကားပြောရသည်ကို ကြိုက်သည့်လူမဟုတ်ပေမဲ့ အရက်က သူ့စိတ်ဆန္ဒကို အားနည်းစေ၍ဖြစ်နိုင်သလို ထောင်ထောင်၏ လေသံက နူးညံ့လွန်း​သောကြောင့်လည်းဖြစ်နိုင်သည်။သူ မထိန်းနိုင်စွာ ရင်ဖွင့်ခဲ့မိသည်။

"ဘာလို့လဲဆိုတော့ ဒီမနက် ကျွန်​တော်ကြိုက်တဲ့လူက သူ့မှာသဘောကျရတဲ့သူရှိနေပြီလို့ပြောခဲတယ်"

အရက်မူးနေသူ၏ စကားက ယုတ္တိမတန်ပါ​ချေ။ထောင်ထောင်က ဤစာကြောင်း၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို နားလည်ပုံမပေါ်​ပေ။ တုံ့ပြန်ရန် ဆယ်စက္ကန့်ကျော်ကြာခဲ့သည်။

"ဒါဆို ဒီလိုကိုး… အမှန်အတိုင်းပြောရမယ်ဆိုရင် ကျွန်မမှာလည်း အလားတူ အတွေ့အကြုံတစ်ခုရှိတယ်...ကျွန်မ ကြိုက်တဲ့လူက အခု တခြားလူနဲ့ အရမ်းရင်းနှီးနေတယ်...ရှင် ဘယ်လိုခံစားရလဲ ကျွန်မ နားလည်ပါတယ်...အရမ်းဝမ်းနည်းပြီး ခွဲဖို့ တွန့်ဆုတ်နေမှာပဲ... ရှင်ကြိုက်တဲ့သူက ဘယ်သူလဲ... သူငယ်ချင်းလား လုပ်ဖော်ကိုင်ဖက်လား...ကျွန်မကိုပြောပြလို့ရမလား"

ထောင်ထောင်က သူမအတွေ့အကြုံကိုပြောပြီး သူ့ကိုနှစ်သိမ့်ပေးဖို့ရာ တွန့်ဆုတ်မနေသောအခါ လျန်ကျင်း ရင်ထဲထိမသွားဘဲမနေနိုင်ပေ။

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now