Chapter 76
ချီရှင်းချန် အတော်လေးကျေနပ်သွားသည်။ မျက်နှာတည်တည်ဖြင့် စတူဒီယိုထဲသို့ လျှောက်သွားလိုက်သည်။ ဆံပင်နှင့် မိတ်ကပ်ပြင်ပြီးသွားပြီဖြစ်သော ချန်ကျားရီက သူ့ကိုမြင်သောအခါ လက်မထောင်ပြလာသည်။
"ချီတိတိ မင်းဒီနေ့ မိုက်နေတယ်... ငါမင်းရဲ့အမာခံကျဲကျဲဖန်တစ်ယောက်ဖြစ်ပေးမယ်"
"ဒါဆို ငါလည်း မနက်ဖြန်ပြင်ဆင်လိုက်မယ်... မင်းတစ်နေ့ ငါ့ဖန် ဖြစ်လို့ရတယ်"
ကျန့်ယွီယန်က မနာလိုဟန်ဆောင်သည်။"ဟားဟား...ငါအခု နင့်ရဲ့ဖန်ပါဖြစ်သွားပြီ...ချီတိတိက သူ့ရုပ်ရည်ကို အားကိုးပြီး နင်က နင့်ရဲ့အသံကို အားကိုးတယ်...လုံးဝပါဖက်"
ကျန့်ယွီယန်က အပူလုံးမိဟန်ဖြင့်ဆိုသည်။
"ဘာရယ်...ငါကကြည့်မကောင်းဘူးလို့ မင်းပြောနေတာလား""နင်သိသားပဲ... ဟားဟားဟား"
နှစ်ယောက်သား အတိုင်အဖောက်ညီနေကြသည်။ချီရှင်းချန် ချီးကျူးစကားကြောင့် အနည်းငယ်ရှက်သွားပြီး အူတူတူ ရယ်မောလိုက်သည်။ သိပ်မကြာခင်မှာပဲ တံခါးဝမှာ ပုံရိပ်နှစ်ခုပေါ်လာ၏။ ကင်မရာများ လှိမ့်လိုက်သံနှင့်အတူ သူတို့ သုံးယောက် ခေါင်းကို လှည့်ကြည့်လိုက်သည်။
ပိုင်ရဲ့က အနက်ရောင် ပေါ့ပေါ့ပါးပါး ပိုးသားအင်္ကျီကို ဝတ်ထားသည်။ ကော်လာနှင့် လက်ပတ်များကို နက်မှောင်သောလိုင်းများဖြင့် အနားသတ်ထားပြီး အေးစက်နေပြီး ဖြူဖွေးသော အသားအရည်ကို ပို၍ လှပစေသည်။
သူ၏ရှေ့ဆံပင်များကို သုံးပုံနှင့် ခုနစ်ပုံခွဲထားသည်။သုံးပုံကို နောက်လှန်တင်ထားပြီး ခုနစ်ပုံကို နဖူးရှေ့မှာ လျော့တိလျော့ရဲချထားသည်။စတိုင်လ်သည် ရိုးရှင်းပြီး ပျင်းရိဖွယ်ကောင်းသော်လည်း ဂုဏ်သိက္ခာရှိသည်။
ဝေချင်က အလယ်ခွဲဆံပင်ရှေ့ချပုံစံနှင့် အင်္ကျီအဖြူကို ၀တ်ထားသည်။ သူ လန်းဆန်းတက်ကြွသည့်ပုံစံရှိသင့်သော်လည်း အနက်ရောင် ကတ္တီပါ လည်ကပ်တစ်စုံဖြင့် ဖြူစင်ပြီး ဆက်စီကျနေသည်။
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး