Chapter 102
ပိုင်ရဲ့၏လေသံက ချီရှင်းချန်၏အမြင်ကိုမေးတောင်းနေပုံရပေမဲ့ သူ့လုပ်ရပ်က မေးရန် ရည်ရွယ်ချက် လုံးလုံး မပြခဲ့ပါချေ။
အဖြေကို စောင့်မနေဘဲ သူ့ကို တိုက်ရိုက်နမ်းလိုက်သည်။
ယခုတစ်ကြိမ်တွင် ခုနကနမ်းသည်လောက် အားမပါပေ။ဤတစ်ခါတွင် သူ့အနမ်းက အင်မတန် နူးညံ့၍နေသည်။ ပထမဦးစွာ သူက ချီရှင်းချန်၏နှုတ်ခမ်းများကိုစုပ်ယူကာ စိတ်ရှည်လက်ရှည် လျှာဖြင့်လျှက်နေပြီး ၊၎င်းနောက် နှုတ်ခမ်းနှစ်လွှာကို လျှာဖျားကို အသုံးပြု၍ထိုးဖွင့်လိုက်သည်။
တစ်ဖက်လူက ဖွ့င့်မပေး။
သူက ဖန်လေး၏ခါးလေးကို ညင်သာစွာ ဖိညစ်လိုက်သည်။
"မင်းပါးစပ်ကိုဖွင့်""...ဟမ်"
ချီရှင်းချန် စိတ်ရှုပ်ထွေးသွားသည်။"နမ်းတဲ့အခါ မင်းပါးစပ်ကိုဖွင့်ရမယ် အိုကေ"
ပိုင်ရဲ့က တိုးတိုးလေးပြော၏။
"ကိုယ် မင်းကို ထပ်မကိုက်ရက်ဘူးလေကွာ"သူ ခုနစ်နှစ်ကြာ နေ့ရောညပါ နားထောင်ခဲ့သည့် အသံကိုကြားရပြီးနောက်၊ ချီရှင်းချန် သူ၏ ခြေထောက်နှစ်ဖက်လုံး ဘာအရိုးမှမရှိတော့သလို ခံစားလိုက်ရသည်။ တခဏအတွင်းမှာပင် သူ တုန်ရီခြင်းကို မရပ်တန့်နိုင်လောက်အောင် ပျော့ခွေလာသည်။ သူ့ကိုယ်သူ ခွေလဲမသွာရအောင် တံတောင်ဆစ်တွေကို နံရံနှင့် ဖိထောက်ထားရသည်။
ပိုင်ရဲ့က သူ၏ လှုပ်ရှားမှုများကို ခံစားပြီး ကူကယ်ရာမဲ့ နည်းပေးလမ်းပြလုပ်လိုက်ရသည်။ "မင်း ကိုယ့်ကို ဖက်ထားလို့ရတယ်"
ချီရှင်းချန်က မလှုပ်ပေ။
ပိုင်ရဲ့ သူမလှုပ်မယက်ရှိနေသည်ကိုမြင်ပြီးမေးလိုက်၏။
"...ကိုယ့်ကို မဖက်ချင်လို့လား""…မဟုတ်ဘူး"
"ဒါဆို ဘာလဲ"
"ကြောက်လို့…"
ချီရှင်းချန်၏ အသံက တိုးဖွ၍နေသည်။
"ကောကိုထိလိုက်ရင် ရေပူဖောင်းလို့ကွဲသွားပြီး အမြုပ်ဖြစ်သွားမှာကို ကျွန်တော်ကြောက်တယ်... ဒါက အိပ်မက်တစ်ခုဖြစ်နေမှာကို ကျွန်တော်ကြောက်တယ်"
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး