Chapter 99
ချီရှင်းချန် ပိုင်ရဲ့ ရုတ်တရက် စိတ်ပြောင်းသွားပြီး သူ့ကို လာကြိုလိုသည့် အကြောင်းရင်းကို မသိပါချေ။
ပိုင်ရဲ့၏ ကမ်းလှမ်းချက်ကို သူ အမြန် ငြင်းပယ်ခဲ့ပါသည်။
[အစ်မအန်းရန်က ကျွန်တော့်ကို လာကြိုဖို့ ကားတစ်စီးလွှတ်ပေးဖို့ ပရိုဂရမ်အဖွဲ့ကို အကြောင်းကြားထားတယ်...ကောက ကိုယ့်အလုပ်နဲ့ကိုယ်တောင်အလုပ်များနေတဲ့ဟာကို]ပိုင်: [လေယာဥ်ဆင်းချိန်]
ရှင်းရှင်း: [ကောတကယ်လုပ်စရာမလိုဘူးလို့!]
ပိုင်ရဲ့ :[ငါ အလုပ်မရှုပ်ပါဘူး]
ပြောစရာရှိသည်က သူတို့နှစ်ယောက် ခွဲရသည်မှာ တစ်ပတ်နီးပါးရှိပြီဖြစ်၏။ပိုင်ရဲ့ကို သူ S City ကို ရောက်ပြီးပြီးချင်း တွေ့နိုင်လျှင်...တကယ်ကောင်းမည်ပင်။
ချီရှင်းချန် သေသေချာချာ မေးလိုက်သည်။
[တကယ်လား?]ပိုင်: [အင်း]
ရှင်းရှင်း :[ခေါင်းကြီးပိုင်းသတင်းတွေ ထပ်ဖြစ်မှာမကြောက်ဘူးလား]
ပိုင်ရဲ့က နှာမှုတ်လိုက်သည်။
ပိုင် : [ငါက ဘာတစ်ခုမှ မကြောက်တတ်ဘူး]
သူက အသက် 17 နှစ်မှာ ပွဲဦးထွက်ပြီး ရှစ်နှစ်နီးပါးကြာခဲ့ပြီဖြစ်၏။ပိုင်ရဲ့အနေဖြင့် အရာအားလုံးကို တွေ့ကြုံခံစားခဲ့ပြီး အရာအားလုံးကို ကျောဖြတ်နိုင်ခဲ့သည်။
အမှန်ပင် သူက အကြောက်အရွံ့မရှိခြင်းဖြစ်၏။
ချီရှင်းချန်၏ နှလုံးသားလေး တုန်ရီသွားပြီး လေယာဉ်လက်မှတ်ပုံကို နာခံစွာ ပို့ပေးလိုက်သည်။
ပျံသန်းချိန်က မနက်ကိုးနာရီဖြစ်၏။ချီရှင်းချန် အစောဆုံးလေယာဉ်ကို တမင်တကာ ရွေးချယ်ခဲ့သည်။သူ မနက်ခြောက်နာရီမှာ အိပ်ရာကနိုးပြီး ရေချိုးခဲ့သည်။ ခုနစ်နာရီတွင် မနက်စာစားရန် အောက်ထပ်သို့ဆင်းလာသောအခါ၊ချီကျားကျစ် အပါအဝင် ချီတစ်မိသားစုလုံးက သူ့ကိုကြည့်ကာ တပြိုင်တည်း ဝိုးခနဲပြုလိုက်ကြသည်။
ချီရှင်းချန်: "...ဘာတွေလုပ်နေတာလဲ"
"မင်းရဲ့ ချောမောမှုကြောင့် ငါတို့မှင်သက်သွားတာ"
ချီကျားကျစ်က ကြီးကြီးကျယ်ကျယ် ချဲ့ကားပြောလေသည်။
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး