Chapter 37
ဖန်မိန်းကလေးအုပ်စုကိုစောင့်ရှောက်ရင်းမှ ချီရှင်းချန် သူ၏အရှိန်ကိုတမင်တကာ လျော့ချလိုက်ကာ သူတို့နှင့်စကားစမြည်ပြောရင်း လျှောက်လာလိုက်သည်။
" ကျွန်တော်အဆင်ပြေပါတယ်… လေယာဉ်ပေါ်မှာတောက်လျောက်အိပ်ခဲ့တာဆိုတော့ ပင်ပန်းမနေပါဘူး…"
" ဒီကိုမိသားစုဝင်တွေကလာကြိုကြမှာပါ…သူတို့ကအခုကားပါကင်မှာစောင့်နေကြတာလေ…"
" နောက်ထပ်အလုပ်ထပ်မလုပ်သေးခင် ရက်အနည်းငယ်တော့အနားယူမှာပါ…စိတ်မပူပါနဲ့ ထပ်တော့မပျောက်သွားစေရပါဘူး…"
ကြယ်အလင်းတန်းများမှာ ချီရှင်းချန်ထိုမျှစိတ်ထားကောင်းပြီး သူတို့မေးသမျှဖြေပေးမည်ဟု မထင်ထားခဲ့ကြပေ။ သူတို့အားလုံး ပျော်ရွှင်စွာလိုက်လာလိုက်ကြသည်။
ဓာတ်လှေကားဝင်ပေါက်သို့ရောက်ချိန်တွင် ချီရှင်းချန် သူတို့ကိုပြောလိုက်သည်
" ကဲ ကျွန်တော်ကဆင်းသွားရမှာဆိုတော့ မင်းတို့လည်းအိမ်ကိုစောစောပြန်ကြဦး…ပြန်တဲ့လမ်းမှာ ဘေးအန္တရာယ်ကင်းရှင်းကြပါစေနော်…"
" ဟုတ်ဟုတ် အစ်ကိုရောပဲ…"ကြယ်အလင်းတန်းများမှာ အလွန်ပင် ကောင်းမွန်စွာပြုမူကြသည်။
" ကောကော…" ထိုအချိန်တွင် မိန်းကလေးများထဲမှတစ်ဦးက ဘူးလေးတစ်ဘူးကို ထုတ်ယူလာကာ ပြောလိုက်သည် " အစ်ကို့အတွက်လက်ဆောင်ပါ…"
ပိုင်ရဲ့မှာ စာများနှင့်သူ၏တရားဝင်ဖန်ကလပ်များမှပေးသောလက်ဆောင်များမှ လွဲ၍အခြားကိုယ်ရေးကိုယ်တာလက်ဆောင်လက်ခံလေ့မရှိခြင်းကြောင့် ချီရှင်းချန်သည်လည်း သူ့အိုင်ဒေါ၏လမ်းစဉ်အတိုင်းကို လိုက်နာကာ ချက်ချင်းဆိုသလို ငြင်းပယ်လိုက်သည်
" မင်းရဲ့ကြင်နာမှာကို ကျေးဇူးတင်ပေမယ့် လက်ဆောင်ကိုတော့ လက်မခံပါရစေနဲ့နော်…"
" ဒါကဈေးကြီးတာမျိုးမဟုတ်ပါဘူး…" ထိုမိန်းကလေးမှ ကမန်းကတန်းပြောလာခဲ့သည် " ဒါကညီမကိုယ်တိုင်လုပ်ထားတဲ့လက်ထိုးအရုပ်ကီးချိန်းလေးပါ…ကောကောမယုံရင် တစ်ချက်ကြည့်လို့ရပါတယ်…"
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး