Chapter 70
နောက်ဆုံးဇာတ်ဝင်ခန်းတွင် ရှန့်ယွီလျန်ကဆိုသည်။
"ရှောင်ချီ...လင်းရှောင်အတွက် ပြီးပြည့်စုံတဲ့အဆုံးသတ်ကို မင်းရေးဆွဲပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"ချီရှင်းချန်ကပြန်ဖြေလိုက်၏။
"အင်း"ရှန့်ယွီလျန်က ဝေါ်ကီတော်ကီကို ကောက်ယူလိုက်သည်။
"ဇာတ်ဝင်ခန်း အဆင်သင့်ဖြစ်ပြီလား""ပစ္စည်းတွေက နေရာချပြီး"
"ပူဖောင်းစက်က အဆင်သင့်"
"ကင်မရာ 2၊ 3 နဲ့ 8 နေရာယူပြီး"
ဘုတ်ပြားရိုက်သံနှင့်အတူ မင်္ဂလာတေးသံက လေဟာပြင်ဝင်ကြီးတစ်ခုလုံးကိုဖြတ်၍ ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။ကျိယန်က သူမအဖေ၏လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး သူမချစ်သော ယောက်ျားဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။
လင်းရှောင်က ပရိသတ်ရှေ့တွင် ထိုင်ကာ ရိုးသားစွာ ကတိသစ္စာပြုကြသည်ကို ကြည့်ရှုနေခဲ့သည်။ သူ မတတ်နိုင်ဘဲ အတွေးထဲတွင် နှစ်မျောသွားမိသည်။
"မြန်မြန်"
"ကျိယန် ဘာလို့ဒီလောက်ထိပစ်ခဲ့တာလဲ"
"ကျေးဇူးပြုပြီး ဘုရားသခင်၊ ကျွန်မမိအောင်လုပ်ပေးပါ...ကျွန်မ လက်ထပ်ချင်တယ်"
"ဘာလို့အဲဒီကိုပျံသွားရတာလဲ...သတိထားနော် ကိုလူချော"
ဆူညံသံများကြားတွင် လင်းရှောင် သူ့မျက်နှာဆီကို တစ်ခုခု တည့်တည့်တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။သူ မသိစိတ်ကနေ ဖမ်းရန်း လက်လှမ်းမိလိုက်၏။မွှေးရနံ့ပြင်းပြင်းက သူ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။
အောက်ကိုငုံ့ကြည့်လိုက်သောအခါ ကျိယန်၏ပန်းစည်းကိုတွေ့လိုက်ရ၏။
ကျိယန်က ဖုန့်ချင်းယွမ်လက်ကို ကိုင်ပြီး လင်းရှောင်ဆီကို လျှောက်သွားသည်။
"လင်းရှောင်... ငါ့ပန်းစည်းကိုရပြီးရင် နင်အရမ်းပျော်ရလိမ့်မယ်""ကောင်းပြီ ကျေးဇူးပါ"
လင်းရှောင်းက ပြုံးပြီး သူလေးလေးနက်နက် ချစ်ရသည့်ကောင်မလေးကို ကြည့်လိုက်၏။
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး