Chapter 100
ချီရှင်းချန် တည်းခိုသည့်အခန်းတွင် မီးဖိုချောင်အသေးစားတစ်ခုရှိသော်လည်း မီးဖိုချောင်သုံး ကိရိယာအစုံအလင် မရှိပါချေ။ နွားနို့ကျိုရန်နှင့် ဧည့်သည်များ အစားအစာအပူပေးရန်အတွက်သာ အဓိကပြင်ဆင်ထားခြင်းဖြစ်သည်။
သို့ပေမဲ့ အသားကြော်ရန်နှင့်ခေါက်ဆွဲပြုတ်အတွက် လုံလောက်၏။သူအသားကို အိုးထဲသို့ထည့်ကာ ဖြည်းဖြည်းချင်းကြော်ခဲ့သည်။ ပုဇွန်ကို ချေးကြောင်းဖယ်ပြီး ရေနှင့်ပြုတ်လိုက်သည်။ အသီးအရွက်တွေကို ရေဆေးပြီး လှီးဖြတ်ကာ ချက်နည်းအတိုင်း အသုတ်ဆော့စ်နှင့် ရှာလကာရည်ကို ရောမွှေလိုက်သည်...
နေ့လည်ငါးနာရီခွဲတွင် ပိုင်ရဲ့ အသံသွင်းပြီး၍ ဟိုတယ်သို့ပြန်လာခဲ့သည်။ အခန်းထဲမ၀င်ခင်မှာ ဘေးခန်းကလူက သူ့ကိုတားလာသည်။
"ခဏနေဦး...တံခါးမပိတ်နဲ့"
ပိုင်ရဲ့: "ဟမ်"
ချီရှင်းချန်က ဘာမှ မပြောပါချေ။သူက ပန်းကန်ပြားနှစ်ချပ်ကို ပိုင်ရဲ့၏ အခန်းထဲသို့ ယူသွားပြီး စားပွဲပေါ်တင်လိုက်သည်။
သူအခန်းထဲသို့ ပြန်လှည့်ကာ ပန်းကန်ပြားနှစ်ချပ်ထပ်ထုတ်လာလိုက်သည်။
"ကောင်းပြီ"
ချီရှင်းချန်က လက်ခုပ်တီးလိုက်သည်။ "မီးဖိုချောင်အခြေအနေက အကန့်အသတ်ရှိတယ်...အဲဒါကို စိတ်မရှိပါနဲ့"ပိုင်ရဲ့ တစ်ချက်ကြည့်လိုက်သည်။ ခရမ်းချဉ်သီးနှင့် အသားဆော့စ်၊ အရွက်သုပ်၊ ပင်လယ်ဆားနှင့် ပုဇွန်ကြော်၊ သစ်သီးလင်ပန်း...
ကောင်လေးပြောသည်က မှန်၏။ မီးဖိုချောင်က အကန့်အသတ်ရှိသည်။ ဤဟင်းလျာတွေကို ချက်ပြုတ်ရန် အများကြီး အားထုတ်ရမည်ပင်။
သူ့နှလုံးသားက ပျော့ပျောင်းသွားပေမဲ့ သူ့အတွေးတွေက ပို၍ပင် ထိန်းချုပ်၍မရတော့ပေ။
ဖန်လေးက အခု သူ့အတွက် ဟင်းချက်ပေးနေတယ်...လွန်ခဲ့တဲ့ရက်အနည်းငယ်က သူအိမ်မှာရှိတုန်းက အဲဒီလူအတွက်ရော ချက်ပေးခဲ့တာလား...
ဖန်လေးက သူ့အပေါ်ပဲ အရမ်းကောင်းခဲ့တာလား ဒါမှမဟုတ် ... သူနဲ့ နီးစပ်သူတိုင်းအပေါ် အရမ်းကောင်းခဲ့တာလား...
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး