Chapter 142
နောက်ဆုံးတွင် တောင်လမ်းနှင့် ရင်းနှီးကျွမ်းဝင်သော လျန်ကျားရွာမှ ရွာသားများကို သူတို့ မကျော်နိုင်ပေ။ ဒေါသထွက်နေသော လူအုပ်ကြီးဖြင့် ဝိုင်းရံခံလိုက်ရသည်။လျန်ရှောင်လုံက အခြေအနေမကောင်းကြောင်း မြင်သဖြင့် ဖုန်းနျို့ ရှေ့မှာ သူဝင်ရပ်လိုက်သည်။
သူ့သားက ထိုကဲ့သို့သောအရှုပ်အထွေးထဲမှာရှိနေသဖြင့် လျန်ရှောင်လုံ၏မိခင် စိတ်သောကရောက်စွာဖြင့် သူ့ကို အမြန်အော်လိုက်သည်။
"သားလေး အမေ့ဆီကို လာ... အမေ သားဖို့ မိုးကာအင်္ကျီ ယူလာတယ်"
လျန်ရှောင်လုံက သူမအသံကို ကြားပုံမပေါ်။ သူက လူအုပ်ကြီးကို သတိနှင့် စူးစူးစိုက်စိုက် ကြည့်နေသည်။
"ရှောင်လုံ"
ရွာသူကြီးက သူ့ကို ဆွဲဆောင်ရန် ကြိုးစားလာသည်။
"ဒီကို မြန်မြန်လာ... ဒီမိန်းမကို မင်း ကာကွယ်စရာ မလိုဘူး"လျန်ရှောင်လုံက မလှုပ်မယှက်ရှိနေဆဲပင်။
ညတစ်ဝက်လောက် လိုက်ဖမ်းနေရသည့် ရွာသူရွာသားတွေက ဒေါသတွေ ပြည့်နေပြီဖြစ်သည်။မကျေနပ်သံများ ထွက်ပေါ်လာကြသည်။ရွာသူကြီးလည်း သူတို့လိုပဲဒေါသထွက်နေ၏။သူက ဒေါသတကြီးပြောသည်။
"ရှောင်လုံ ...ဒီမိန်းမက ဘယ်သူလဲဆိုတာ မင်းသိလား...သူက ငါတို့ကို ထောင်ချောက်ဆင်ဖို့ ဒီနေရာကို ရောက်နေတာ..သူက လျန်ကျားရွာကို သားစဉ်မြေးဆက်မရှိအောင် လုပ်မယ့်သူကွ""မဟုတ်ဘူး"
လျန်ရှောင်လုံက ခေါင်းခါလိုက်သည်။ "သူက လူကောင်းပါ"
"မင်းလိုအရူးက လူကောင်းနဲ့ လူဆိုးကို ဘယ်လိုလုပ် ခွဲခြားနိုင်မှာလဲ"
"ခွဲနိုင်တယ်"
လျန်ရှောင်လုံကပြောသည်။
"လူကုန်ကူးသူတွေဟာ လူဆိုးတွေ... လူကုန်ကူးသူတွေနဲ့ ရောင်းဝယ်ဖောက်ကားသူတွေကလည်း လူဆိုးတွေပဲ"သူ ယခုလိုစကားမျိုးပြောရန် ဘယ်သူမှ မမျှော်လင့်ထားကြပေ။ ရွာသားများသည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားကြသည်။ထို့နောက် ရက်စက်ကြမ်းကြုတ်သောအမူအရာဖြင့် သူ့ကိုကြည့်လိုက်ကြသည်။
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး