Chapter 103
ပြိုင်ပွဲမစမီတစ်ရက်အလိုတွင် ချီရှင်းချန် ပရိုဂရမ်အဖွဲ့၏တောင်းဆိုချက်အရ အားပေးရန်အတွက် လွှတ်မြောက်ကျန်ရစ်နေသောF အတန်းသားများ၏အဆောင်သို့သွားခဲ့သည်။ထို့နောက် သူက ဟန်ချင်းအိပ်ဆောင်အရောက်မှာ ရပ်သွား၏။
Aအတန်း ၏ အိပ်ဆောင်သည် အပေါ်ဆုံးထပ်တွင်ရှိသည်။ သင်တန်းသားတွေက "ပိရမစ်ထိပ်"၊ "မျှော်ကြည့်ရမဲ့ ဘော့စ်ရဲ့အိမ်" အစရှိသဖြင့်နာမည်ပေးထားကြသည်။ချီရှင်းချန်က လျှောက်သွားရင်း နှာခေါင်းကို အုပ်ကာ ကင်မရာဆီသို့ အသက်ရှူကျပ်သည့် အမူအရာလုပ်ပြသည်။
"ဒါက ဘော့စ်ရဲ့ အနံ့လား"လက်ထောက်က "အနံ့ကဘာလဲ" ဟုမေးသည်။
"ထမင်းလိပ်၊ အူဒုံ၊ ကြက်တောင်ပံကြော်... နဲ့ အနံ့ဆိုးထွက်နေတဲ့ ခြေအိတ်တွေ၊ ခြေအိတ်တွေကို ဘယ်သူက မလျှော်ဘဲ ကြာကြာစုထားတာလဲ"
"ဟားဟားဟား"
လက်ထောက်က သူ့အား ရယ်နေလေသည်။ရသစုံရှိုးပွဲတွေနှက့်ပတ်သတ်လျှင် ချီရှင်းချန်က အတော်လေးရင့်ကျက်နေပြီဖြစ်၏။ လက်ထောက်နှင့် စကားစမြည်ပြောနေရင်း သူက ဟန်ချင်း၏ တံခါးကို ခေါက်လိုက်သည်။
ဟန်ချင်းက maskကပ်ထားသည်။ သူဘယ်သူလဲဆိုသည်ကိုတွေ့သောအခါ သူ၏maskက ကွဲလုမတတ်ဖြစ်သွားသည်။
"ရှင်းရှင်း.... မင်းဘာလို့ဒီကိုရောက်နေတာလဲ... ဟေး ဒီနေ့ မင်းကြည့်ကောင်းတာပဲ...အသားအရည်က ဖြူပြီး ပန်းနုရောင်သန်းနေတယ်ရော"ချီရှင်းချန် ဟန်ချင်းက သူ့ကို ချီးကျူးရန် ဆင်ခြေရှာနေသည်ဟု ထင်နေသောကြောင့် သူ ဂရုမစိုက်ပါချေ။
"… အခုတလော ကောင်းကောင်းအနားယူနေလို့ ဖြစ်နိုင်တယ်... ဒီမှာဘယ်သူတွေရောက်နေတာလဲ... ဝင်ကြည့်လို့ရမလား"ဟန်ချင်းက နာမည်တချို့ကို ရွတ်ပြပြီးရှက်ကိုးရှက်ကန်းဖြင့် ပြောသည်။
"အထဲမှာ အရမ်းရှုပ်နေတယ်... ကင်မရာမင်းအစ်ကို ကျွန်တော်တို့ကို လွှတ်ပေးလို့ရမလား"ကင်မရာမင်းက ပစ္စည်းကောင်းကို မည်သို့လက်လွှတ်နိုင်မည်နည်း။ သူက ချီရှင်းချန်၏နောက်ကနေ မရမကတိုးဝင်လိုက်သည်။
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး