Chapter 111
လူအုပ်ထဲရှိ ဝေချင်က သူ့ကို နှာခေါင်းရှုံ့သည်။ ထို့နောက် ညစ်ပတ်သောအရာကို ရှောင်ကြဉ်သကဲ့သို့ ခေါင်းကိုလှည့်၍ နောက်တဖန် မကြည့်တော့ပေ။
ချီရှင်းချန် အနည်းငယ် စိတ်မသက်မသာဖြစ်ခဲ့သော်လည်း ဝေချင်၏ခံစားချက်ကို သူနားလည်နိုင်ခဲ့သည်။ အချိန်တိုအတွင်း မမျှတသည့် အချစ်ခံစားချက်ကို သူခံစားခဲ့ရ၏…မည်သို့ပင်ဖြစ်စေ ဤသည်က နာကျင်ရပြီး မကောင်းပါချေ။
၎င်းကိုတွေးတောရင်း ပိုင်ရဲ့က သူ့အပေါ် အမြဲတမ်း အမြဲတမ်းမျက်နှာသာပေခဲ့သည်ကို ရုတ်တရက် သတိထားမိလိုက်၏။
ပိုင်ရဲ့နှင့် သူ၏ဆက်ဆံရေးကို အတည်မပြုခင်မှာ သူက မကြာခဏဆိုသလို မနာလိုဖြစ်တတ်သူဖြစ်၏။ အခုမှ တွေးကြည့်သောအခါ သူ့၌မနာလိုဖြစ်စရာ အနေအထား (အခွင့်အရေး)ရှိမနေပါချေ။
တခြားသူသာဆိုလျှင် သူ့ကို လျစ်လျူရှုထားသည်မှာကြာပြီဖြစ်လိမ့်မည်။
ပိုင်ရဲ့တစ်ယောက်ကသာလျှင် ဒေါသမထွက်ခဲ့ပေ။ ယင်းအစား၊ သူက သူ့ကို စိတ်လိုလက်ရ အလိုလိုက်ပြီး သူ၏ ယုတ္တိမရှိသော မနာလိုစိတ်ဖြင့်ပင် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။
... သူက ပိုင်ရဲ့ ပိုသဘောကျလာမိသလိုပါပင်။
ဖုန်းကိုထုတ်ကာ အောက်နှုတ်ခမ်းကို ကိုက်၍နှိပ်လိုက်သည်။
[ခင်ဗျားလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ]
သူ့သတ္တိကို စုဆောင်းရင်း နောက်ထပ် စကားနှစ်ခွန်း ထပ်ထည့်လိုက်သည်။
[ကောကော]
ပိုင်ရဲ့: "…"
စင်နောက်မှာသာ လူသိပ်မရှိပါက သူ ပြေးသွားပြီး နေ့တိုင်း သူ့နှင့် ပရောပရီလုပ်နေသည့် ဖန်လေးကို နမ်းမိလိမ့်မည်။
..............နည်းပြများ၏ စွမ်းဆောင်မှုအတွက် ပရိသတ်ဦးရေ ၁၀၀၀ သတ်မှတ်ထားသည်။ တရားမျှတမှုအတွက်၊ စနစ်က ၎င်းတို့ကို ကျပန်းရွေးချယ်ခဲ့သည်။ တစ်ယောက်ယောက်က ပိုများသည့်ပရိသတ်အချိုးရသည်မျိုး ပြဿနာရှိနိုင်သော်လည်း၊အပေါ်ယံတွင်ကွာခြားမှုများစွာမရှိသောကြောင့်၎င်းသည်ပိုမိုမျှတသည်။
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး