Chapter 23
နောက်တစ်နေ့ မနက်ခင်းဝေလီဝေလင်းအချိန်တွင် ကြက်ဖတွန်သံက ငိုက်မြည်းနေသောဧည့်သည်များကို အော်နှိုးလာခဲ့သည်။ ထိုကြက်ဖကြီးထက်ပို၍ဆိုးသည်မှာ ဒါရိုက်တာကျောက်ပင်ဖြစ်သည်။ ကျန်းမိသားစု၏ခြံဝန်းထဲတွင် လော်စပီကာကြီးကိုကိုင်ကာ တစ်ဖက်မှအခြားသောသက်လတ်ပိုင်းအရွယ်ရှိသူတစ်ဦးကို လှမ်းခေါ်လိုက်ပြီး အော်ပြောလိုက်သည်
" အားလုံးပဲ နိုးကြပြီလား…"
" အိုက်ယိုး အိုး အိုး…" ဧည့်သည်များမှာ ပျင်းတိပျင်းရွဲ့ဖြင့် ပြန်ဖြေလိုက်သည်
" အခုပဲ နိုးပါပြီဗျို့…"
ဒါရိုက်တာကျောက် : " ကောင်းပြီလေ ဒါဆိုရင်ဒီနေ့ရဲ့ မစ်ရှင်ကိုကြေငြာပေးပါမယ်…"
" အခုကျွန်တော့်ဘေးမှရှိနေတဲ့သူကတော့ လောင်ထျဲတဲ့…ပန်းကန်ဆေးဘေစင်တွေ ဟင်းချက်ယောက်မတွေနဲ့ အခြားအိမ်သုံးပစ္စည်းတွေကို အထူးသီးသန့်ပြုလုပ်ပေးတဲ့ပန်းပဲဆရာတစ်ယောက်ပဲ…မင်းတို့ရဲ့ဒီနေ့မစ်ရှင်ကတော့.. လာပါဦး ရှောင်လီရေ…"
အသံကိုကြားလိုက်ရပြီးနောက် ရိုက်ကွင်းလက်ထောက်ဖြစ်သူရှောင်လီမှ ကားထားသည့်နေရာမှ သုံးဘီးဆိုင်ကယ်လေးတစ်စီးဖြင့် ဖြည်းဖြည်းချင်းမောင်းလာခဲ့သည်။ အပေါ်ဘက်ရှိပွင့်ဟနေသော သိုလှောင်နေရာတွင်မူ အမျိုးမျိုးသောသံနှင့်ပြုလုပ်ထားသည့်အိမ်သုံးပစ္စည်းများရှိနေခဲ့လေသည်။
" မင်းတို့ရဲ့ဒီနေ့မစ်ရှင်ကတော့ လောင်ထျဲနဲ့ဈေးကိုသွားပြီး ဒီသံထည်တွေကိုရောင်းချဖို့ပါပဲ…မင်းတို့များများရောင်းလေလေ မစ်ရှင်ပြီးမြောက်နှုန်းက ပိုမြင့်လေလေ ဖြစ်ပါလိမ့်မယ်…"
မစ်ရှင်ပြီးမြောက်မှုနှုန်းဟူသော မရင်းနှီးသည့်အသုံးအနှုန်းကြောင့် ကျိုးယွီမှ မေးလိုက်သည် " မြင့်တာနဲ့နိမ့်တာနဲ့က ဘာကွာသွားတာလဲ…"
" တကယ်လို့သာ မစ်ရှင်ပြီးမြောက်မှုနှုန်းက ၅၀ရာခိုင်နှုန်းအောင်ကို လျော့နေမယ်ဆိုရင် မစ်ရှင်ကျရှုံးတယ်လို့ သတ်မှတ်မှာပါ… ၅၀ရာခိုင်နှုန်းကျော်မယ်ဆိုရင်တော့ ဘောနပ်ဖြတ်တာကော နှုတ်တာကောရှိမှာမဟုတ်ဘူး… တစ်ရာရာခိုင်နှုန်းအောင်နိုင်မယ်ဆိုရင်တော့ ပြောရရင် အကုန်လုံးရောင်းထွက်သွားမယ်ဆိုရင်ပေါ့ ဒီလိုဆိုရင် မင်းတို့ကလျို့ဝှက်ဆုတစ်ခုရနိုင်လိမ့်မယ်…"
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး