Chapter 127
စကူတာအား ပြင်ပြီးနောက် မျက်နှာကို အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။ သူ့မျက်နှာက ကြောင်တစ်ကောင်လို ညစ်ပတ်နေသည်။သူက စကူတာစက်ကို စက်နှိုးပြီး သူ့ဇာတိမြို့က ရိုးရာသီချင်းတစ်ပုဒ်ကို စတင်ရွတ်ဆိုခဲ့သည်။ သူ့ဖုန်းထဲက တည်နေရာကို ကြည့်လိုက်ပြီးနောက် အစားအသောက် ပို့ဆောင်ရမည့် နေရာဆီ အပြေးသွားခဲ့၏။
"ရှေ့ကစကူတာ...ရှေ့က စကူတာ... ကျေးဇူးပြုပြီး အရှိန်လျှော့ပြီး ဘေးနားမှာ ရပ်လိုက်ပါ"
၎င်းကိုကြားသောအခါ လျန်ရှောင်လုံ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ စကူတာတွေက ယခုအချိန်မှာ အလွန် တင်းကြပ်စွာ ထိန်းချုပ်ခံနေရသည်။သူ ကုမ္ပဏီ၏စကူတာကို မဆုံးရှုံးချင်ပေ။
ယင်းက သူ့အလုပ်ပြုတ်သည်နှင့် အတူတူပင်ဖြစ်သဖြင့် သူချက်ချင်း အရှိန်မြှင့်လိုက်သည်။
ကံမကောင်းစွာဖြင့်၊ နှစ်ဘီးတပ်စကူတာက လေးဘီးတပ်ကားကို မည်သို့ကျော်နိုင်မည်နည်း။ သုံးမိနစ်လောက်ကြာသောအခါ ရဲမီးရောင်ပါသည့် ဂျစ်ကားက ရုတ်တရက် သူ့ကိုဖြတ်ကျော်သွားပြီး လမ်းဘေးမှာ ရပ်သွားသားည်။
ဖုန်းနျို့က အခင်းဖြစ်ပွားရာမှ ထွက်လာပြီး ပေါ့ပေါ့ပါးပါး အဝတ်အစားများဖြင့် ကားပေါ်မှ ဆင်းလားခဲ့သည်။ သူမက လက်ကို အိတ်ကပ်ထဲထည့်ထားကာ အနက်ရောင် ရဲဖိနပ်ကို ၀တ်ထားသည်။ သူမက ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာပြီး လျန်ရှောင်လုံကို လှမ်းကြည့်လိုက်သည်။
"အသက်ဘယ်လောက်ရှိပြီလဲ"
"ဆယ်...ဆယ့်ကိုး"
ဖုန်းနျို့က ခက်ထန်စွာကြည့်နေသဖြင့် လျန်ရှောင်လုံက သူမကို မကြည့်ဝံ့ဘဲ အထစ်ထစ်အအအပြန်ဖြေလိုက်သည်။ဖုန်းနျို့က ဒေါသတကြီးဆို၏။
"အမှန်အတိုင်းပြော"လျန်ရှောင်လုံ ပို၍ပင် ကြောက်သွားသည်။
"...ဆယ့်ကိုး""ကောင်းပြီ... မင်းကအမှန်အတိုင်းမပြောချင်ဘူးပေါ့လေ"
ဖုန်းနျို့က စကူတာဆီသို့ လျှောက်လာပြီး အပူကာသတ္တာကိုဖြုတ်ကာ ဂျစ်ကားထဲသို့ ထည့်လိုက်သည်။
"ငါ မင်းကို အစားအသောက် ကူပို့ပေးမယ်...ပြီးရင် မင်း ငါနဲ့အတူတူ ရဲစခန်းကို လိုက်ခဲ့"
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး