Chapter 159

532 73 0
                                    

Chapter 159

ရှေးခေတ်ဟောင်းပုံစံကို ဖတ်ရန် အချိန်မရှိသောကြောင့် ဇာတ်ကွက်ကောင်းသလားသူမသိ​ပေ။ သူက ပိုင်ရဲ့ကို အမြန်တားလိုက်၏။

"ကျွန်တော် မှားပို့လိုက်ပြီ... အဲဒါမဟုတ်ဘူး...ခဏလေး...ကျွန်တော် ပြန်ပို့ပေးမယ်"

သို့ပေမဲ့ ပိုင်ရဲ့က ၎င်းကိုဖွင့်ပြီးနေပြီဖြစ်ပြီး တချို့သော... အနည်းငယ်ထူးဆန်းသည့်စကားလုံးများကို တွေ့လိုက်ရသည်။

"ပိုင်ရဲ့က သူ၏တပ်များကို နဂါးကိုးကောင်ဘုရားကျောင်းကို တိုက်ခိုက်ရန် ဦးဆောင်ခဲ့သည်။ ယခုအချိန်တွင် ချီရှင်းချန်က ၎င်း၏ဆွေမျိုးအားလုံးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကာ နဂါးပလ္လင်ပေါ်တွင် ထိုင်နေပြီး အဖြူရောင် ကျောက်စိမ်းနှင့်တူသော လက်ချောင်းများကို လက်ရန်းတော်တွက် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။သူ့အကြည့်တွေက ပိုင်ရဲ့ကိုဖြတ်​ကျော်ပြီး ရှေ့ကို လှမ်းကြည့်လိုက်သည်။ သူ၏ လျစ်လျူရှုထားသောအပြုအမူက ပိုင်ရဲ့ကို ဒေါသထွက်သွားစေခဲ့သည်။"

'အဲဒါက ချွမ်မုန့်ဝတ္ထုဖြစ်နိုင်တယ်'
ချီရှင်းချန်  တွေးလိုက်သည်။

"ပိုင်ရဲ့က သူ့ဓားကိုဆွဲ​ပြီး ချီရှင်းချန်ဆီ တစ်ယောက်တည်း လျှောက်သွားသည်။
'ဘာကို ကြည့်​တော်မူနေတာပါလဲ အရှင်မင်းကြီး... ဧကရီလျှိုကိုလား...ကိုယ်လုပ်တော်ဖန်လား' "

ဟမ်...မောင်းမဆောင်ပဲ...သွားပြီ...abuse typeကြီးပဲဖြစ်ရမယ်...
ချီရှင်းချန် အနည်းငယ် စိတ်မချမ်းမသာဖြစ်လာသည်။

"ချီရှင်းချန်က နှုတ်ဆိတ်နေဆဲဖြစ်သည်။ပိုင်ရဲ့ ဒေါသထွက်သွားပြီး ဘယ်ဘက်လက်နှင့် ဓားကိုဆွဲကာ လွှဲယမ်းလိုက်သည်။ သူ၏စစ်မှန်သောချီက အလင်းဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားပြီး ချီရှင်းချန်၏အဝတ်အစားများကို အပိုင်းပိုင်းဆုတ်ဖြဲပစ်လ်ိုက်သည်။"

ချီရှင်းချန် ဆွံ့အသွား၏။
ကျင့်ကြံရေးဝတ္ထုပုံစံအတိုင်းသွားနေပါ့လား...

" 'အရှင်မင်းကြီး...ယနေ့ အကျွန်ုပ် ရာဇပလ္လင်ကို သိမ်းယူရတာက အရှင်မင်းကြီးကြောင့်မှန်း သိတော်မူပါ၏လော'
ပိုင်ရဲ့က ချီရှင်းချန်၏ပါးကို လက်တစ်ဖက်နှင့် ပွတ်သပ်လိုက်ပြီး ရှောင်ရှင်းရှင်းလေးကို နောက်လက်တစ်ဖက်နှင့် ကိုင်ထားသည်။
'အရှင့်ပတ်ဝန်းကျင်က အဲဒီအမျိုးသမီးတွေကို အကျွန်ုပ် မတွေ့ချင်တော့ဘူး... အခုကစပြီး အရှင်က အကျွန်ုပ်​တစ်ဦးတည်းရဲ့ ဘုရင်ဖြစ်လာတော့မှာ သိတော်မူပါစ' "

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now