Chapter 116

1.4K 182 1
                                    

Chapter 116

ချီရှင်းချန် သူ့မိသားစုက သူ့ပုံမှန်မဟုတ်သည်ကို သတိမထားမိအောင် သူ့ပါးစပ်ကို ပိတ်ထားရန် အတတ်နိုင်ဆုံး ကြိုးစားပြီး စာဆက်ရိုက်လိုက်သည်။

[ကောင်းပြီ ကောက ဉာဏ်ကောင်းတယ်... ဘယ်တော့ထမင်းစားမှာလဲ~]

"~"
လေယာဉ်ပေါ်ကဆင်းလာခြင်းကြောင့်ဖြစ်နေသော ပိုင်ရဲ့၏ မသက်မသာဖြစ်နေမှု လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ သူ မရယ်မိဘဲမနေနိုင်ခဲ့။  [ခဏနေရင် ဘရန်းပိုင်ရှင်က ကိုယ့်ကို လာကြိုမှာ]

ချီရှင်းချန်: "!!!"

ရှင်းရှင်း: [ဘယ်လောက်ကြာမှာလဲ]

ပိုင်: [ကိုယ်မသိဘူး...ပို​ပြီးနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုအကြောင်း သူတို့က ဆွေးနွေးချင်နေတာ]

ရှင်းရှင်း: [ဒါဆို…]

သူတို့ သဘောတူထားတဲ့ ဗီဒီယို​ကောလ်ပြောဖို့ကကော ဘယ်လိုလဲ...

ယနေ့နံနက်တွင် သူတို့က အတူရှိနေခဲ့ကြသော်လည်း ဗီဒီယိုကောလ်က အကျုံးမဝင်သင့်သော်လည်း...

ဒါပေမဲ့ သူ… ပိုင်ရဲ့ကို နည်းနည်းလွမ်းတယ်...

ပိုင်ရဲ့က သူ့အတွေးတွေကို ချက်ချင်း ရိပ်မိသွား၏။ သူက လက်ပတ်နာရီကို တစ်ချက်ကြည့်လိုက်သည်။
[အခုအချိန်ရှိလား...ဘရန်းပိုင်ရှင်က ဆယ်မိနစ်လောက်နေမှရောက်မှာ... ဗီဒီယိုကောလ်အရင်ပြောလို့ရတယ်]

ချီရှင်းချန်၏ စိုးရိမ်ပူပန်မှုများသည် တစ်စက္ကန့်အတွင်း ပျောက်ကွယ်သွားသည်။ သူက ဝမ်းသာအားရ ပြန်ပြောလိုက်သည်။

[ကျွန်တော့်ကို နှစ်မိနစ်လောက် အချိန်ပေး]

မက်ဆေ့ချ်ပို့ပြီးနောက် သူလက်ကို မြှောက်ကာပြောလိုက်သည်။
"အစီရင်ခံပါတယ်ခင်ဗျ...အဖေ ကျွန်တော် ဖုန်းပြောဖို့ အခန်းထဲ ပြန်သွားတော့မယ်... အရမ်းအရေးကြီးတယ်...ခုနစ်မိနစ် ရှစ်မိနစ်လောက်နေရင် ပြန်လာမယ်"

ချီရှောင်မင်:"အေးအေး"

"ကျေးဇူးတင်ပါတယ် အဖေ"

စကားဆုံးသည်နှင့် လူက ဒုတိယထပ်က သူ့အခန်းဆီကို ပြန်ပြေးနေပြီဖြစ်၏။

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now