Chapter 104
ပိုင်ရဲ့က သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပါချေ။ မေးခွန်းတွေ မေးသည့် လုပ်ငန်းစဉ်ကို သူတကယ်စတင်ခဲ့၏။
"မနက်ဖြန် ရိုက်ကူးရေးမှာ ဘာအရင်လုပ်မလဲ"
"ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ကြေငြာပေးရမှာ"
ချီရှင်းချန်က ခေါင်းမာသည့်ကလေးတစ်ယောက်လိုဆို၏။"နောက်တစ်ခုကဘာလဲ"
"သင်တန်းသားတွေက အဖွဲ့လိုက် ဖျော်ဖြေမှာ"
"နောက်တစ်ခု"
"ပရိသတ်က တိုက်ရိုက်မဲပေးမယ်"
"နောက်ဆုံးကျတော့ရော"
"တိုက်ရိုက်မဲပေးခြင်းကို တွက်ပြီး အွန်လိုင်းမဲပေးခြင်းကို ပေါင်းစပ်သွားမယ်...ထိပ်ဆုံး 44 ယောက် အမြင့်ဆုံးရမှတ်အလိုက် ကျန်ရှိနေမယ်"
တခြားအရာတစ်ခုခုဖြစ်ခဲ့လျှင် ချီရှင်းချန် ဖြေနိုင်မှာမဟုတ်ပေ။ သို့သော် လက်ထဲတွင်ရှိသော အလုပ်အတွက်မူ ချီရှင်းချန် လုံးဝမကြောက်ပါချေ။ အားလုံးက သူ့စိတ်ထဲတွင် ရှိနေသည်။
ပိုင်ရဲ့က သူ ကားထဲမှာ လုံလောက်အောင်ချစ်မပြခဲ့ရသဖြင့် သူ့ဖန်လေး စိတ်ပျက်သွားမှာကို စိုးရိမ်သောကြောင့် တိုက်ရိုက်ထုတ်လွှင့်ပြီး ချိတ်ဆက်ခဲ့ခြင်းဖြစ်၏။ဖန်လေးကို ကျီစားရန် သူ သည်ကိုရောက်လာခြင်းဖြစ်၏။
"အားလုံးပြီးသွားရင် ဘယ်လုပ်မလဲ"
သူက ဆက်မေးလိုက်သည်။အရင်အပိုင်းရိုက်ကူးပြီးသည့်နောက် ဖန်လေးနှင့် F အတန်းဖက်ငိုကြသည်ကို သတိရ၍ သူယခုလိုမေးလိုက်ခြင်းဖြစ်၏။
ထိုအချိန်တွင် သူ့နှလုံးသား နာကျင်နေသော်လည်း သူ့ကို မည်သို့ချော့ရမှန်းမသိ ဖြစ်နေခဲ့သည်။ ယခု သူက တရားဝင်ပိုင်ရှင်ဖြစ်နေပြီဖြစ်သဖြင့် အငိုမရပ်မချင်း သူ့အမာခံဖန်လေးကို သူပွေ့ဖက်ထားနိုင်သည်။
ပိုင်ရဲ့က ဖန်သားပြင်ကို နူးညံ့သောအကြည့်များဖြင့် ကြည့်နေသည်။ နောက်အခိုက်အတန့်မှာ ချီရှင်းချန်က မထစ်မငေါ့ ချောချောမွေ့မွေ့ဖြေသည်ကို သူ့ကြားလိုက်ရသည်။
"ကောကို ညစာစားဖို့လာရှာမှာပေါ့"
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး