Chapter 162
ထိုသတင်းကိုကြားလိုက်သည်နှင့် ချီရှင်းချန် နေရာမှာတင် ဗိုင်းခနဲလဲ သေချင်သွားသည်။သူ"ချီရှင်းချန်" ၏တည်ရှိမှုကို လူတိုင်းမေ့သွားအောင်လုပ်ပစ်ချင်လာသည်။ ကမ္ဘာကြီး၏အစွန်းဆုံးမှာ တစ်ယောက်တည်းပဲ ကျန်ရစ်ချင်တော့သည်။
မဟုတ်ဘူး...
သူက ခေါင်းခါလိုက်သည်။ပိုင်ရဲ့က သူ့ကို လှည့်စားနေတာများလား...ပိုင်ရဲ့က သူ့ကို မကြာမကြာ ညာပြီးဖြီးဖြန်းတတ်သည်။
နောက်ဆုံးမျှော်လင့်ချက် အလင်းရောင်လေးဖြင့် ချီရှင်းချန် တုန်ရီနေသော လက်များဖြင့် အနီရောင်နှင့် အဝါရောင် မျက်လုံးအကြီးကြီးသင်္ကေတကို နှိပ်လိုက်သည်။
မူလပင်မစာမျက်နှာက ဒုတိယပင်မစာမျက်နှာဖြစ်နေသည်။
နောက်ဆုံးမျှော်လင့်ချက် အလင်းရောင်ရေးရေးလေးဖြင့် သူ ၎င်းကို ထပ်နှိပ်လိုက်သည်။
— —တစ်ညလုံးတမ်းတမိတယ်: [အသဲ] [အသဲ] [အသဲ]
[ရုပ်ပုံ]
ပုံထဲမှာ သူနှင့် ပိုင်ရဲ့၏လက်တွေက တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူတို့၏အရိပ်တွေက တွဲလျက်သားပင်။
ချီရှင်းချန်: "…"
သွားပြီ...အကုန်လုံး သွားပြီ...
ပိုင်ရဲ့ဘယ်လိုတွေးသည်ကို သူ ဂရုမစိုက်နိုင်ပေ။ပန်ကိတ်လို ကုတင်ပေါ်တွင် ပြားပြားကြီးပက်လက်လန်လျက် မျက်နှာကျက်ကို စိုက်ကြည့်နေမိသည်။ ဆိတ်ငြိမ်ခြင်းသည် နှုတ်ဆက်ခွဲခွာခြင်း၏*ရှန်းရှောင်းဖြစ်ပြီး တိတ်ဆိတ်မှုသည် ယနေ့ည၏ခရာဖြစ်သည်။
(T/N–ကျူရိုးလေမှုတ်တူရိယာ)ခဏတာ စိတ်ပျက်အားငယ်နေပြီးနောက် ရုတ်တရက် အတွေးတစ်ခုဝင်လာသည်။
ပုံမှာ မျက်နှာမပါဘူး... လက်နှစ်ဖက်နဲ့ အရိပ်တစ်ခုပဲ... သူ လုံးဝ ငြင်းလို့ရတယ်...
အသက်ရှင်ရန် အခွင့်အလမ်းရေးရေးလေးကို ဆုပ်ကိုင်ရင်း လျင်မြန်စွာထကာ သူ့ဖုန်းကို ပြင်းပြင်းထန်ထန် ရိုက်နှိပ်လိုက်သည်။
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး