Chapter 38
ထို့နောက် ချီကျားကျစ် ကားတံခါးကိုဆောင့်ပိတ်ကာ ထိုကောင်လေးစီသို့ လျှောက်သွားခဲ့သည်။
ချီရှင်းချန် သူ့ကိုတားချိန်မရလိုက်ပေ။ သို့သော်လည်း ရန်ဖြစ်ကြမည်ကို စိုးရိမ်မိသောကြောင့် သူကားပေါ်မှဆင်းကာ ချီကျားကျစ်နောက်သို့ ကပျာကယာပြေးလိုက်သွားလိုက်ရသည်။
ချီကျားကျစ် ကောင်လေးစီသို့ ပြေးသွားလိုက်ပြီးနောက် အံ့သြတကြီးမေးလိုက်သည်
" မင်းလား… မင်းကအတန်းကိုမပြန်ဘဲ ဘာလို့လမ်းပေါ်လျောက်ပြေးနေရတာလဲ…"
ကောင်လေးထံမှ မည်သည့်စကားမှ ထွက်မလာဘဲ ကျောပိုးအိတ်ကို ပိုက်လျက် ချီရှင်းချန်နှင့်ချီကျားကျစ်ကိုသာ ကြည့်နေခဲ့သည်။
ချီရှင်းချန်မှာမူ အနည်းငယ်အံ့ဩသွားရသည်။ ထိုကောင်လေးမှာ ယခင်ကသူနှင့်ဆုံဖူးသကဲ့သို့ ရင်းနှီးနေသယောင်ပင်။
ချီကျားကျစ်မှ မည်သူဆိုသည်ကို သိနေသည့်အတွက် ချီရှင်းချန် မေးလိုက်မိသည်
" ကျားကျစ် သူဘယ်သူလဲဆိုတာ မင်းသိလား…"
" ငါတို့က တစ်တန်းထဲပဲလေ…သူကအခန်းသုံးက.."
" တစ်တန်းထဲသားချင်းဆိုတော့လည်း ဒါကိုမေ့လိုက်ကြရအောင်လေ…" ချီရှင်းချန် ဝင်ရောက်ဖြန်ဖြေပေးလိုက်သည်
" ကားကောလူကော ထိခိုက်သွားတာမှမဟုတ်တာ… ရန်မလုပ်နေနဲ့တော့…"
" ဘယ်ရမလဲ…" ချီကျားကျစ် နှာခေါင်းရှူံ့ကာ ထိုကောင်လေးဘက်သို့ ကြည့်လိုက်ပြီး " ဟေးး ငါမင်းကိုမေးနေတယ်လေ… ဘာလို့လမ်းလည်ခေါင်မှာ လျောက်ပြေးနေတာလဲလို့… မင်းအနေလား…"
" မင်းနဲ့ဘာဆိုင်လို့လဲ…" ထိုကောင်လေးမှ နောက်ဆုံးတွင် ပြောလာခဲ့သည်။
" ငါနဲ့ဘာဆိုင်လို့လဲ ဟုတ်လား…"
ကောင်လေး၏စကားများမှာ ချီကျီကျား၏ဒေါသကို တိုက်ရိုက်ပင်ဆွပေးနိုင်ခဲ့သည်။ ထို့ကြောင့် ချီကျားကျစ် လက်ကိုဆန့်ကာ ကောင်လေး၏ပခုံးပေါ်သို့ ပုတ်လိုက်ပြီး " မင်းကသာ ကားကိုမကြည့်ဘဲ ခေါင်းငုံ့ပြီးလမ်းကူးနေတာလေ…မင်းကားတိုက်ခံရပြီးသေရင်တောင် ကားသမားအပြစ်မဟုတ်ဘူး… နားလည်လား…"
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး