Chapter 115
ချီရှင်းချန်က စိတ်ခံစားမှုများကို ကိုင်တွယ်ရာတွင် အမြဲတမ်းတော်ခဲ့သည်။အန်းရန် သူ့ကို နှိုးသောအခါတွင် သူ ပြန်လည်ကောင်းမွန်လုနီးပါးဖြစ်နေပြီဖြစ်သည်။ သူ့မျက်လုံးက သွေးရောင်အနည်းငယ်လွှမ်းနေသည်ကလွ၍ ကျန်သည့်အရာအားလုံးက ပုံမှန်ပါပင်။
ဤတစ်ကြိမ်တွင် သူက အလျင်အမြန်ထွက်ခွာလာသဖြင့်S Cityမှ အထူးလက်ဆောင်များ သို့မဟုတ် အမှတ်တရလက်ဆောင်များ မဝယ်မိခဲ့ပေ။သူ့မိသားစုအတွက် လက်ဆောင်များ မဝယ်ခဲ့သဖြင့်အချိန်အနည်းငယ်ယူကာ ညီအကိုမောင်နှမများ ပျော်ရွှင်စေရန်အတွက် ရာသီအလိုက် အဝတ်အစားများဝယ်ရန် သူ့အိမ်အနီးရှိ ကုန်တိုက်သွားရန် ဆုံးဖြတ်ခဲ့သည်။
သူပြန်လာမည့်အချိန်အတိအကျကို သူ့မိသားစုကို မပြောခဲ့ပေ။ သူ့ခရီးဆောင်အိတ်ကို ဆွဲယူကာ လက်ဗွေဖြင့် သော့ဖွင့်သောအခါတွင် ဒုတိယထပ်ရှိ စာကြည့်ခန်းငယ်တွင်ဒီဇိုင်းဆွဲနေသည့် ချီယွီကျီးတစ်ယောက်သာ ရှိသည်။
"ကျဲ ပြန်လာပြီ"
ရှင်းရှင်း ပြန်ရောက်ပြီလား...
သူ့အသံကြားသောအခါ ချီယွီကျီးက ကွန်ဒင်ဆာဘောပင်ကို ချက်ချင်းချလိုက်ပြီး ဖိနပ်ပင်းမစီးဘဲ ပြေးထွက်သွား၏။
"ရှင်းရှင်း မင်းပြန်လာတာ စောသားပဲ... ညမှပြန်လာမယ်ထင်တာ"အိမ်မှာပင် သူမ မသပ်မရပ် ဖိုသီဖတ်သီဖြစ်နေခြင်းမျိုး လုံးဝမရှိပေ။ သူမက အညိုရောင်ပိတ်စကတ်ရှည်နှင့် အဝါရောင်ဖျော့ဖျော့ဆွယ်တာအင်္ကျီကို ဝတ်ဆင်ထားသည်။ သူမ၏ဆံပင်ကို ခေါင်းနောက်တွင် ခပ်လျော့လျော့ ချည်နှောင်ထားပြီး အနက်ရောင် အနားကွပ်အပြာရောင် မျက်မှန်တစ်စုံကို ၀တျထားသည်။ သူမက မိတ်ကပ်မလိမ်းဘဲ လှပနေခဲ့သည်။
သူ့အစ်မကိုတွေ့သောအခါ ချီရှင်းချန်၏ စိတ်အခြေအနေ အတော်လေးတိုးတက်လာ၏။ သူက ဟာသပင်လုပ်နိုင်နေသည်။
"ဒါဆို ကျဲစိတ်ထဲမှာ ကျွန်တော်က မိသားစုကို ဂရုမစိုက်တဲ့လူပေါ့"ချီယွီကျီး ခေါင်းညိတ်ချင်ပေမဲ့ နောက်ပိုင်းမှာ သူမကိုယ်သူမ ထိန်းနိုင်ခဲ့သည်။
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး