Chapter 51 📚

2.1K 317 2
                                    

Chapter 51

ချီရှင်းချန် မသိစိတ်ကနေ ဖုန်းကိုင်လိုက်မိသည်။

ခုနစ်နှစ်ကြာအောင် သူကြည့်နေခဲ့သော သူ့idol၏ မျက်နှာက ရုတ်တရက် ပေါ်လာသည်။

စူးရှသော မျက်ခုံးများ၊အနည်းငယ်ကော့တက်နေသော မျက်လုံးထောင့်စွန်းများ၊နှာတံမြင့်မြင့်၊ နှာတံဘေးဘက်ရှိ မှဲ့သေးသေးလေးနှင့်မေးရိုးချွန်ချွန်…

ချီရှင်းချန် ရုတ်​တရက်​နိုးလာပြီး သူဘာလုပ်​​နေမှန်း သတိပြုမိလိုက်​သည်​။

သူက ပိုင်ရဲ့နဲ့ ဗီဒီယိုကောလ်ပြောနေတယ်!!!

တစ်ဖက်မှာ ပိုင်ရဲ့ကလည်း သူ့ကို သေချာကြည့်နေ၏။

သူ့ဆံပင်တွေက ရှုပ်ပွနေပြီး မျက်လုံးတွေက နီရဲရောင်ရမ်းနေကာ မျက်ခွံတွေက ပို၍ပင် မို့နေသည်။ သုတ်ရန်အချိန်မရှိလိုက်သော သူ့မျက်လုံးအောက်က ရေစက်အချို့လည်း ရှိနေသည်။

ပိုင်ရဲ့ ချက်ချင်း မျက်မှောင်ကြုတ်သွားသည် ။ "မင်းကို ဘယ်သူက အနိုင်ကျင့်တာလဲ"

"မဟုတ်ဘူး...မဟုတ်ဘူး"
ချီရှင်းချန်က အမြန်ရှင်းပြသည်။
"ဘယ်သူမှ ကျွန်တော့်ကို အနိုင်ကျင့်တာ မဟုတ်ဘူး"

"ဒါရိုက်တာက မင်းကို ငေါက်ခဲ့တာလား ဒါမှမဟုတ် ရှုရှန့်က ထပ်ပြီး ဒုက္ခပေးခဲ့တာလား"

"မဟုတ်ဘူး တကယ်"

ချီရှင်းချန် စိတ်ရှုပ်ထွေးသွားသော်လည်း ပိုင်ရဲ့၏   အထိန်းအကွပ်မဲ့သော မှန်းဆချက်များအား ရပ်တန့်ရန်အတွက် သူအမှန်အတိုင်းပြောရုံသာတတ်နိုင်ခဲ့သည်။
"ဒီနေ့ ငိုရတဲ့ ဇာတ်ဝင်ခန်းကို ရိုက်ထားတာ"

ပိုင်ရဲ့ အံ့သြသွားသည်။
"ဘယ်​​နှစ်ကြိမ်ထိ မင်းငိုခဲ့လဲ"

"တစ်ကြိမ်... တစ်ကြိမ်ပါဗျာ"

ချီရှင်းချန်း နေ့ခင်းတစ်ခင်းလုံး ငိုခဲ့သည်ဟု ပြောရန် အလွန်ရှက်မိလေသည်။

"တစ်ခန်းရိုက်ပြီး ဒီလောက်ထိငိုတယ်ပေါ့"
ပိုင်ရဲ့က စလိုက်သည်။
"ဒါဆို နောက်ကျရင် ငါ မင်းကို မစရဲတော့ဘူး"

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now