Chapter 129
ထို့နောက် ချီရှင်းချန် နှင့် လျန်ကျင်းကိုသူမြင်သွားသည်။သူက ပြုံးပြီး အားမရှိသောအသံဖြင့်ဆို၏။
"ပါမောက္ခလျန်နဲ့ ရှင်းရှင်းကော ရောက်နေတာပဲ...ကျွန်တော့်မှာ ပြောစရာရှိတယ်"သူ့အား စွမ်းအင်အလွန်အကျွံမဖြုန်းတီးမိစေရန်အတွက် လျန်ကျင်း နှင့် ချီရှင်းချန်က သူ့ကုတင်ဘေးတွင် ရပ်လိုက်သည်။ထောင်ရွှမ်က ဘေးတစောင်း လှဲလျောင်းနေပြီး ဆေးပိုက်များပြည့်နေသော ဖြူဖပ်ဖြူရော်လက်များကို ဆန့်ထုတ်လိုက်သည်။တုန်တုန်ယင်ယင်ဖြင့် သူ့လက်တစ်ဖက်က လျန်ကျင်းကို ဆုပ်ကိုင်လိုက်ပြီး ကျန်တစ်ဖက်က ချီရှင်းချန်ကို ကိုင်လိုက်သည်။
"ပါမောက္ခလျန်က သူ့ကျောက်ကပ်ကို ကျွန်တော့်ဆီလှူချင်တယ်လို့ ကျားကျစ်ကပြောတယ်...ဒါပေမဲ့ ကျွန်တော် မလိုချင်ဘူး"
ထောင်ရွှမ်က ခက်ခက်ခဲခဲကြိုးစား၍ ချီရှင်းချန်ဘက်သို့ လှည့်လိုက်သည်။
"ရှင်းရှင်းကော...လျန်ကျင်းကောနဲ့ ကောရဲ့ဆက်ဆံရေးအကြောင်း ကျွန်တော်မေးတာကို မှတ်မိသေးလား... အဲဒီတုန်းက ကျားကျစ်က ကောတို့က ကျွန်တော်တို့လိုပဲ သူငယ်ချင်းကောင်းတွေလို့ ပြောခဲ့တယ်"
"ကျွန်တော် အဲဒါကို တခြားရှုထောင့်ကနေ တွေးခဲ့တယ်...(ကောအတွက်) လျန်ကျင်းကောက သူ့ကျောက်ကပ်ကို ကျွန်တော့်ကို ပေးတာက (ကျွန်တော့အတွက်) ကျားကျစ်က သူ့ကျောက်ကပ်ကို တခြားလူကို ပေးတာနဲ့ အတူတူပဲ...ကျွန်တော် အရမ်းအရမ်းဝမ်းနည်းရလိမ့်မယ်...ကျွန်တော် ကော ကို ဝမ်းမနည်းစေချင်ဘူး...ကောကြောင့်သာမဟုတ်ရင် ကျွန်တော် ကျားကျစ်နဲ့ သိခွင့်ရမှာမဟုတ်ဘူး"
"ပြီးတော့ ကျားကျစ်က ကောကိုလေးစားပြီး ချစ်တယ်...ကောဝမ်းနည်းနေရင် ကျားကျစ်လည်း ဝမ်းနည်းနေမှာပဲ... သေမှာကြောက်တာနဲ့ ယှဉ်ရင် ကော ကျွန်တော့်ကိုသဘောမကျတော့မှာကို ပိုကြောက်တယ်"
"ဒါကြောင့်…"
ထောင်ရွှမ်က တခါတည်း စကားအများကြီးပြောမိခဲ့သည်။ သူက ဆက်မပြောခင် နှစ်မိနစ်လောက် မောနေပြီးမှဆိုသည်။
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး