Chapter 152
ဧပြီလ ၃ ရက်နေ့… ပိုင်ရဲ့က မျက်မှောင်ကြုတ်လိုက်သည်။
"ကိုယ်တို့က တစ်နေ့ထဲ ကူးပြောင်းလာတာပဲ""မှန်းစမ်း...ရဲ့ကောက စင်မတော်တဆမှုကြောင့် ကူးပြောင်းလာတာမလား"
"ဟုတ်တယ်"
ပိုင်ရဲ့ ပြန်ဖြေပြီးဆိုသည်။
"မင်းကော ဘယ်လိုလဲ"ချီရှင်းချန် ထိုသို့ပြောရန် အနည်းငယ် ရှက်ရွံ့ခဲ့သော်လည်း တစ်ဖက်လူကိုမဆန့်ကျင့ဝံ့ပေ။ သူက ခေါင်းငုံ့ပြီးပြောလိုက်သည်။
"ခင်ဗျားရဲ့ ခုနှစ်နှစ်ပြည့်နှစ်ပတ်လည် ဖျော်ဖြေပွဲကို သွားရာလမ်းမှာ မတော်တဆမှုလေးတစ်ခုကြောင့် ကျွန်တော် ကူပြောင်းလာတာ""စကားမစပ်"
ချီရှင်းချန် ရုတ်တရက် တစ်ခုခုကို သတိရသွားသည်။
"ခင်ဗျား စင်ပေါ်မှာ မတော်တဆမှုဖြစ်ရတဲ့အကြောင်းရင်းက ဘာလဲ...ဒဏ်ရာအပြင်းအထန်ရသွားလား...တကယ့်လက်တွေ့ဘဝမှာ… ခင်ဗျား…"ကျန်စကားလုံးများကို သူ ပြောမထွက်နိုင်ပေ။
ပိုင်ရဲ့က စာအုပ်ထဲတွင် အသက်ရှင်နေသေးသော်လည်း သတင်းဆိုးအနည်းငယ်ကိုပင် သူလက်မခံနိုင်ဆဲဖြစ်၏။
"အဆင်ပြေလောက်ပါတယ်"
ပိုင်ရဲ့က သူ့ကို နှစ်သိမ့်လိုက်သည်။ "ဓာတ်လှေကား ပြိုကျပြီး မတော်တဆ ပြုတ်ကျသွားတာ"အားကစားကွင်းရှိ ဓာတ်လှေကားက နှစ်မီတာမှ သုံးမီတာခန့် မြင့်သည်။လူမသေနိုင်ပေမဲ့ ခြေလက်တွေကျိုးမှုကနေပြေးမလွတ်နိုင်ပေ။
သေချာသည်ပင်၊ပိုင်ရဲ့က ၎င်းကို မပြောခဲ့ပါချေ။သူ့အမာခံဖန်လေး၏ ဒဏ်ရာကို စိတ်ပူပြီး အကြည့်နှင့် မေးလိုက်သည်။
ချီရှင်းချန်က ဝန်ခံလိုက်သည်။
"ကျွန်တော့်ကို ဝင်တိုက်တဲ့ကားက ကိုယ်ပိုင်ကား...အရှိန်ကမမြန်ဘူး... ဖုန်းပြောနေပြီး လမ်းကို ဂရုမစိုက်ခဲ့တဲ့ကျွန်တော့်ကိုယ်ကျွန်တော်ပဲ အပြစ်တင်ရမှာပဲ... နောက်ပြီး ကျွန်တော့်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ချက်ချင်းကာကွယ်ခဲ့တယ်...ပြဿနာကြီးကြီးမားမား မဖြစ်လောက်ဘူး"
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး