Chapter 93📚

2.1K 308 4
                                    

Chapter 93

ချီမိသားစုမှာ အစဉ်အဆက်ချမ်းသာလာကြသောမိသားစုတစ်ခုဖြစ်ကာ အစပိုင်းတွင် အိမ်ခြံမြေဈေးကွက်နှင့်စတင်ခဲ့ပြီး နောက်ပိုင်းမှသာ အင်တာနက်ဈေးကွက်နှင့်အခြားသောနယ်ပယ်များအပေါ်ချဲ့ထွင်လာကြခြင်းဖြစ်သည်။ ချီရှောင်မင်မှာ ထိုကဲ့သို့ သားဆက်ခြားပစ္စည်းထုတ်လုပ်ရေးနယ်ပယ်မျိုးနှင့် မရင်းနှီးသည့်အတွက် မေးလိုက်မိသည်

" ‌ဒါဆို အဲဒီကုမ္ပဏီကို ဘယ်လိုထင်လဲ… ဝယ်လို့တန်နိုင်လား…"

" မတန်ဘူး ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို မေးကြည့်ပြီးသွားပြီ… အဲဒီဝမ်မျိုးရိုးက တကယ့်အဆင့်မြင့်ပစ္စည်းတွေအဓိကထုတ်နေတာတဲ့….ကုန်ကြမ်းကိုတောင် အကောင်းတကာ့အကောင်းဆုံးရော်ဘာရှာသုံးတာ…ဈေးကွက်အတွင်း သုံးခုပါကွန်ဒုံးတစ်ဘူးရဲ့ဈေးက ၁၉၈ယွမ်နဲ့ ချောဆီတွေဆို ၃၉၉ယွမ်ကနေ ၆၉၉ယွမ်အကြားပဲ…ဒါကြောင့် ပစ္စည်းတွေ သာမန်ပဲ… ရောင်းအားကလည်း သာမန်ပဲရှိတယ်… ဈေးကွက်ကတော့ နိမ့်တယ်ပြောရမယ်…ကျွန်တော်ကတော့ အဲဒီကုမ္ပဏီရဲ့အကျိုးအမြတ်တွေအပေါ် အရမ်းအကောင်းမြင်မနေဘူး…"

ချီရှောင်မင်မှာ သူ့အကြီးဆုံးသား၏အမြင်များအပေါ် အမြဲယုံကြည်သူဖြစ်သောကြောင့် ခဏမျှတွေးကာ မေးလိုက်သည် " အကျိုးအမြတ်ကမကောင်းနိုင်ဘူးဆိုတော့လည်း မဝယ်ဘူးပေါ့…ဒီလိုပစ္စည်းတွေထုတ်တဲ့ကုမ္ပဏီမျိုးဆိုတာ နည်းနည်းတော့စိတ်ပူစရာပဲလေ…ဘယ်လိုပဲဖြစ်ဖြစ် ရှင်းရှင်းဘာကိုမှကြောက်နေစရာမလိုတော့ဘူးပေါ့… နည်းနည်းပြင်ဆင်ပြီးရင် အခုနွေဦးအကုန်ကြ ဝမ်ကုမ္ပဏီကို ဒေဝါလီခံခိုင်းကြတာပေါ့…"

" အဖေအသိပေးဖို့တောင်မလိုပါဘူး…" ချီယွမ်ရှောင် ပြုံးလျက် " ကျွန်တော်က ဘဏ္ဍာရေးလမ်းကြောင်းကိုရှာတွေ့ပြီးသွားလို့ ဝမ်ကုမ္ပဏီရဲ့အဓိကအဆက်အသွယ်ကို ဖြတ်တောက်ပြီးသွားပြီးပြီ…."

ချီယွီကျီးမှာ ငယ်စဉ်ကတည်းက မိသားစု၏လွှမ်းမိုးခံလာခဲ့ရသူဖြစ်လေရာ သူမက မိန်းကလေးတစ်ယောက်ဖြစ်နေသည့်တိုင် စီးပွားရေးအကြောင်းတစ်လုံးတစ်ပါဒမျှ နားမလည်သူမဟုတ်ချေ။

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now