Chapter 97
ချီရှင်းချန်က လူနာဆောင်အပြင်ဘက်တွင် ခဏတာ နားထောင်နေခဲ့သည်။သူ ညီဖြစ်သူ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် ကြင်နာမှုကို တိတ်တဆိတ် ချီးကျူးခဲ့သည်။
အတန်းတစ်ရက်ပဲ သင်ကြားပြီးနောက်၊ ခေါင်းစဉ်အမျိုးအစားတစ်ခုတွင် မေးခွန်းအားလုံးကို နားလည်နိုင်ပြီး ရှင်းရှင်းလင်းလင်းနှင့် ယုတ္တိနည်းကျကျ ရှင်းပြနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည်ထောင်ရွှမ်၏ စိတ်ခံစားချက်များကို ဂရုတစိုက် ဂရုစိုက်ခဲ့သည်။ သူ့အသံက ခါတိုင်းထက် အများကြီးနိမ့်နေသည်။
ရှားမှရှား နတ်သားလေး...
မိုးပျံပူဖောင်းလွှတ်ပြီးအားပေးသလိုမျိူး မိုက်မဲသည့်အရာတွေကို မလုပ်လျှင် ပိုကောင်းမည်။ချီရှင်းချန် ဒေါသတကြီး တွေးလိုက်မိသည်။
ထိုကဲ့သို့ပင် သူ ဆေးရုံတွင်နေထိုင်ပြီး ထောင်ရွှမ်ကို နှစ်ရက်စောင့်ကြည့်ခဲ့သည်။ထို့နောက်တွင် My Time ၏ တတိယမြောက် အပိုင်းကို လူအများ စောင့်မျှော်ကြည့်ရှုနိုင်ခဲ့သည်။
မီးထဲသို့ လောင်စာထည့်ထားသည့် "သေတ္တာနက်ဖြစ်ရပ်" ကြောင့် တတိယအပိုင်းကို ကြည့်ရှုသူအရေအတွက် စံချိန်သစ်တင်ခဲ့သည်။ မှတ်ချက်များနှင့် ဆွေးနွေးမှုအရေအတွက်သည် ယခင်အပိုင်းနှင့် နှိုင်းယှဉ်ပါက နှစ်ဆကျော် ပိုများလာသည်။
ချီရှင်းချန် မဝင်နိုင်ခင်မိနစ်နှစ်ဆယ်လောက်တစ်နေခဲ့သည်။ဖန်သားပြင်က အနက်ရောင်ကနေရောင်စုံအဖြစ်ပြောင်းသွား၏။နည်းပြတွေ မာကျောက်ကစားကြပြီး ပိုင်ရဲ့ကသူ့အစားအပြစ်ဒဏ်ခံသည့်အခန်းဖြစ်သည်။
ကျည်ဆန်မှတ်ချက်များ:[F*ck...ရဲ့ကောက ရှောင်ချီတိတိကိုအလိုလိုက်နေတာပဲ]
၎င်းနောက် ဝေချင်က သူ့မျက်နှာကဓာတ်မတည့်မှုရှိ၍ ပိုင်ရဲ့ကိုကူညီရန်တောင်းဆိုသည်။ပိုင်ရဲ့က သူ့လက်မောင်းပေါ်မှာဆွဲခိုင်း၏။
[ပွဲမစခင်က ရဲ့ကောက ရှောင်ချီတိတိကို သူ့ဘက်ကနေစကူညီတာနော်...ဝေချင်က ရဲ့ကောကိုတောင်းဆိုတော့ မျက်နှာကဓာတ်မတည့်ရင်မကစားဖို့ပြောတယ်.. ဘယ်လိုတောင် မျက်နှာလိုက်တဲ့ရဲ့ကောလဲ...ဟားဟားဟား]
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး