Chapter 114
ပွဲဦးထွက်ပါတီ မစမီတစ်ရက်တွင် ချီရှင်းချန် ဟန်ချင်းဆီသို့သွားခဲ့သည်။ ယခင် နည်းပြများကူသည့်အဆင့်အပြီးတွင် သူက အဆင့်ခုနစ်တွင် ရပ်တည်ခဲ့ပြီး ပွဲဦးထွက်စာရင်းအပြင်ရောက်နေသည်။ဟန်ချင်း စိတ်ဓာတ်က သွေဖည်သွားမှာကို သူကြောက်သည့်အတွက် သူ့ကို ပွဲအကြို အကြံဉာဏ်ပေးရန် ပြင်ဆင်ခဲ့သည်။ဟန်ချင်းကို သူမြင်ရသောအခါတွင် ကောင်းမွန်သောအခြေအနေရှိမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ချီရှင်းချန် အတော်လေးပို၍ စိတ်သက်သာရာရလိုက်သည်။
"စိတ်မလှုပ်ရှားဘူးလား"
"ဟင့်အင်း... ငါဒီလောက်ထိအောင်ရောက်နိုင်ခဲ့လို့ အရမ်းကျေနပ်နေပြီ"
ဟန်ချင်းက ပြုံးလိုက်သည်။
"ကံကောင်းရင် ပွဲဦးထွက်နိုင်မယ်...ငါကျရှုံးရင် ပြန်သွားပြီး လေ့ကျင့်မှု ဆက်လုပ်မှာပါ"ချီရှင်းချန် အံ့သြသွားသည်။
"မင်းက တစ်နေရာပဲ ဝေးနေတာ...မင်းနောင်တမရဘူးလား""မရဘူး...မင်းငါ့ကို ဒီလိုလေ့ကျင့်ဖို့ အခွင့်အရေးမပေးခဲ့ရင် ငါ လက်လျှော လိုက်ရနိုင်တယ်..."
ဟန်ချင်းက မူလပိုင်ရှင်နှင့် အသက်အတူတူဖြစ်ပြီး 21 နှစ်ကျော်ခန့်သာ ရှိသေးသည်။ဤအသက်အရွယ်မှာ သူ့မိသားစုအခြေအနေက ပျမ်းမျှသာဆိုလျှင် သူ့မိသားစုက သူ့အိမ်မက်ကို ဆက်ပြီးအကောင်အထည်ဖော်ရန် သူ့ကို ပံ့ပိုးပေးမှာမဟုတ်ပေ။လက်တွေ့ဘဝ၏ ဖိအားအောက်တွင် သူသည်သူ၏ အားကစားဝတ်စုံကို ချွတ်၊ သားရေဖိနပ်နှင့်အလုပ်ဝတ်စုံ ပြောင်းဝတ်၍ လုပ်သားစုဆောင်းရေးစင်တာသို့ သွားပြီး သူ၏ ကိုယ်ရေးအကျဉ်းကို ဝဘ်ဆိုဒ်အမျိုးမျိုးသို့ ပေးပို့ကာ အလုပ်သွား၊ အိမ်ဝယ်၊ လက်ထပ်၊ ကလေးမွေးလုပ်နေမည်ပင်။
ဒီလိုဘဝမျိုးက ပျော်စရာမကောင်းဘူးလား...
အလွန်ပျော်စရာကောင်းသည်မျိုးလည်းဖြစ်နိုင်ပါ၏၊စင်စစ်အားဖြင့် လူတိုင်းက သူတို့၏ဘဝတွေကို ယခုလိုပုံစံနှင့်နေထိုင်ခဲ့ကြသည်မဟုတ်ပါလော။ဒါဆိုရင် သူနောင်တရမှာလား...
ရေသောက်သလိုပဲ ပူသလား အေးသလား သူပဲ သိလိမ့်မည်။ ထိုကနဦးအိပ်မက်များသည် ဇနီးနှင့်သားသမီးများ၏နေ့စဉ်ဘ၀တွင် တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ် သွားပေလိမ့်မည်။သို့ပေမဲ့ အငြိမ်းစားယူပြီးသည့် တစ်နေ့မှာ သူ့မြေးလေးကို ပွေ့ချီပြီး ငယ်ငယ်က ဓာတ်ပုံတစ်ပုံကို ထုတ်ယူကာ အဝေးကို ငေးကြည့်ရင်း ပြောမည်။
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး