Chapter 139
ချီရှင်းချန် ထိုင်ခုံပေါ်တွင် တောင့်တောင့်ကြီး ထိုင်လိုက်သည်။ သူ့လက်ချောင်းများက ထိုင်ခုံလက်ရန်းများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ ခြေချောင်းများက ကွေး၍နေသည်။သူ့အမူအရာက စိတ်လျှော့မည့်အစား ပို၍ပင် စိတ်လှုပ်ရှားနေပုံရလေသည်။ပိုင်ရဲ့က သူ့ကို စိုက်ကြည့်နေ၏။
"ဘာတွေ စိတ်ပူနေတာလဲ...ကိုယ့်ရဲ့အရည်အချင်းကို မကျေနပ်ဘူးလား""ကျေနပ်တယ်...ကျေနပ်တယ်"
ချီရှင်းချန်က ထအော်သည်။"မင်းကျေနပ်ရင် ကိုယ့်ကို ဘာဆုပေးမှာလဲ"
ပိုင်ရဲ့သူ့ကို မစဘဲမနေနိုင်ပေ။"Footjobလား"
ချီရှင်းချန်: "…"
လက်ရှိအချိန်တွင် သူ မျက်မမြင်နားမကြား ဖြစ်ချင်နေသည်။
"ကောင်းပြီ"
ပိုင်ရဲ့ အချိန်တန်နေပြီဆိုသည်ကိုတွေ့သဖြင့် ခြေထောက်ကိုအောက်ချပြီး မတ်တပ်ရပ်လိုက်သည်။"အရင်ဆုံး စိတ်လျှော့လိုက်ပါ... ပြန်သွားပြီး ရေချိုးရင် ပိုကောင်းလာလိမ့်မယ်...နောင်မှာ ဒီလို မိုက်မဲတဲ့အရာတွေ မလုပ်နဲ့တော့"
ချီရှင်းချန်: "…"
ပိုင်ရဲ့က အဝတ်လဲခန်းထဲက မျက်နှာသုတ်ပုဝါကို ဆွဲယူလိုက်ပြီး သူ့လက်တွေကို သုတ်ရင်းထပ်ပြောလာသည်။
"နောင်ကျရင် ကိုယ့်ကို တွေ့ဖို့ ဒီလောက်အကြာကြီး ကားမောင်းလာတာမျိုးမလုပ်နဲ့...မင်းလုပ်နိုင်လား"ချီရှင်းချန် သူ့ကို မလှည့်စားနိုင်သည်ကိုမြင်ပြီး ခေါင်းယမ်းလိုက်သည်။
"မရဘူး...ကျွန်တော် မလုပ်နိုင်ဘူး"ပိုင်ရဲ့ ခဏလောက်မှင်တက်သွားသာ်။ဤသည်က သူ့အတွက် သူ့ချစ်သူ၏ ငြင်းပယ်ခြင်းကိုခံရသည့် ပထမဆုံး အကြိမ်ဖြစ်သည်။
ကံမကောင်းစွာဖြင့်၊ချီရှင်းချန်က သူ့စိတ်ကိုပြောင်းရန် ရည်ရွယ်ချက်မရှိပေ။ သူက အလွန်ခေါင်းမာသော လူစားမျိုးဖြစ်သည်။ သူနှင့် စကားပြောရသည်က လွယ်ပေမဲ့ တစ်ခုခုကို ဆုံးဖြတ်ပြီးသည်နှင့် သူ စိတ်ပြောင်းသွားသည်မျိုး မရှိပါချေ။
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး