Chapter 36
ပုံသေဧည့်သည်တော်ခြောက်ယောက်နှင့် ခရီးစဉ်လေးနေရာအတွင်းမှ ယာယီဧည့်သည်များမှာ ရသစုံရှိုးတစ်ခုလုံး၏ရိုက်ကူးရေးကို အောင်အောင်မြင်မြင်ပြီးဆုံးအောင် ရိုက်နိုင်ခဲ့ကြပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် ပရိသတ်များအတွက် လက်ဆောင်ပေးမည့်အစီအစဉ်သို့သွားရမည့်အချိန်၌ ပြောစရာမလိုအောင်ပင် ပိုင်ရဲ့၏လက်ဆောင်မှာ မဲအများဆုံးဖြစ်ပြီး ဒုတိယတစ်ခုမှာမူ လုံးဝမမျှော်လင့်ထားသူဖြစ်နေခဲ့သည်။
ဤသည်မှာ အမှန်တကယ်ကို ချီရှင်းချန်၏လက်ဆောင်ဖြစ်နေလေသည်။
သူတို့နှစ်ဦးလုံးသီးခြားဆုကြေးကိုယ်စီရရှိခဲ့ကြသော်လည်း အံ့ဩစရာကောင်းသည်မှာ ခရီးစဉ်တစ်လျောက်လုံးတွင် ထိုပိုက်ဆံကို အသုံးမပြုခဲ့ကြချေ။
နောက်ဆုံးအလည်အပတ်ပြီးဆုံးသွားချိန်တွင် လူတိုင်းကို မှတ်ချက်ပေးခိုင်းရန်အတွက် သီးခြားစီအင်တာဗျူးလိုက်ကြသည်။ ချီရှင်းချန်၏အလှည့်တွင် လက်ထောက်ဒါရိုက်တာမှ မေးလိုက်သည်
" ရှောင်ရှင်းရှင်း မင်းရဲ့သီးသန့်ဆုကြေးကို ဘယ်လိုသုံးဖို့စီစဉ်ထားလဲ…"
" နျိုပမ်းမြို့က ကလေးတွေကိုလှုသွားမှာပါ…"
ပိုင်ရဲ့၏အလှည့်တွင်လည်း လက်ထောက်ဒါရိုက်တာမှ တူညီသောမေးခွန်းကို မေးလာပြန်သည်။
" နျိုပမ်းမြို့က ကလေးတွေကို လှုမှာ…"
သူတို့နှစ်ဦးစလုံး၏အတွေးများမှာ တစ်ထပ်တည်းကျနေသောကြောင့် ထိုအပိုင်းကိုပြသချိန်တွင် CP ဖန်များမှာ သကြားလုံးကြီးကြီးတစ်လုံးစားလိုက်ကြရလေသည်။
သူတို့မထွက်ခွာခင်ညတွင် ပရိုဂရမ်အဖွဲ့မှ ရိုးရာအတိုင်းပွဲတစ်ခုကျင်းပပေးခဲ့ကြသည်။ ဒါရိုက်တာကျောက်မှ ၎င်းအတွက်ဟိုတယ်တစ်ထပ်လုံးကို ဘိုကင်တင်ပေးထားပြီး ထုတ်လုပ်သူများနှင့်ရင်းနှီးမြုပ်နှံသူများအားလုံးလည်း တက်ရောက်ခဲ့ကြသည်။
ပိုင်ရဲ့မှာ ထိုကဲ့သို့သောအရာမျိုးကိုသဘောမကျသည့်အတွက် ရိုးရှင်းစွာကိုင်တွယ်ခဲ့သည်။ ချီရှင်းချန်မှာမူ သူ၏ပထမဆုံးအကြိမ်တက်ရောက်ခြင်းဖြစ်သောကြောင့် ထောင့်တစ်ထောင့်တွင်ထိုင်ကာ လူတိုင်း၏စကားဝိုင်းများနှင့်လုပ်ဆောင်မှုများကို တိတ်တဆိတ်လေ့လာနေလိုက်သည်။
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး