Chapter 131
မြို့ပြကျေးရွာရှိ အကြီးဆုံးလမ်းတွင် တင့်ကားတစ်စီးနှင့် ယှဉ်နိုင်သော စစ်စိမ်းရောင် RV တစ်စီးရှိသည်။ အနီးကပ်ကြည့်လိုက်သောအခါ RV ၏အရှည်က ကုန်တင်ကားကြီးနှစ်စီးစာနှင့် အတူတူပါပင်။ ၎င်း၏ အမြင့်မှာ သုံးမီတာခန့်ရှိပြီး သေးငယ်သော အဆောက်အအုံတစ်ခု၏ အမြင့်နှင့် နှိုင်းယှဉ်နိုင်သည်။
ထိုအချိန်တွင် လမ်းသွားလမ်းလာ တစ်ဒါဇင်ကျော်က စုရုံးကာ RV ကို တအံ့တသြ လက်ညှိုးထိုးနေကြသည်။ချီရှင်းချန် လည်း လန့်သွားပြီး လူအုပ်ကြားထဲ တိုးဝင်လိုက်သည်။
"ဟေ့ ကောင်လေး"
အမျိုးသမီးတစ်ယောက် သူ့ဆီကအတွန်းခခရ၍ဖြစ်မည်ထင်၊ ခါးထောက်၍ဆိုသည်။
"ဘာလို့ အတင်းတိုးနေတာလဲ... အရပ်ရှည်တာအလကားလား... မြင်ချင်ရင် အပြင်ကနေကြည့်""တောင်းပန်ပါတယ်...ကျွန်တော် သတိမထားမိလိုက်ဘူး"
ချီရှင်းချန်က ဆောလျင်စွာ တောင်းပန်လိုက်သည်။"သတိမထားမိဘူးလို့ပြောရုံနဲ့ရတယ်ပေါ့... မင်းကြောင့် ငါ့ပခုံးတွေ နာသွားပြီ... မင်းကို လျော်ကြေးပေးခိုင်းရမှာပေါ့... ဒါပေမဲ့ မင်းကြည့်ရတာ တတ်နိုင်မယ် မထင်ဘူး"
မိန်းမကြီးက ထွီခနဲ တံတွေးထွေးလိုက်သည်။"ဟင်း...ငါကံမကောင်းဘူး"
ချီရှင်းချန်က ပစ္စည်းပို့သမားယူနီဖောင်းကို ၀တ်ဆင်ထားသောကြောင့် ကြည့်ရှုသူများက သူ့ကိုပစ္စည်းပို့သမားတစ်ဦးဟု ထင်မြင်ကြသည်။ အခြားလူတစ်ယောက်ကလည်းဆိုသည်။
"ဟုတ်တယ်...ပြီးတော့ RV ကို ဘာအတွက် လာကြည့်တာလဲ...ဟိုက သူဌေးတွေအတွက်ထုတ်ထားတာ..
တစ်ဦးကို သန်းချီကုန်တယ်...နင်သာ တတ်နိုင်ရင် ပို့ဆောင်ခ ဘယ်လောက်ပေးနေရမှာလဲ"ချီရှင်းချန် သူတို့ကို ဂရုမစိုက်နိုင်ဘဲ မကြားချင်ယောင်ဆောင်လိုက်သည်။ ထို့နောက် RV ကားပေါ်မှ လူတစ်ယောက် ခုန်ဆင်းလာသည်။ သူက တကယ် တော်တော်လေးချောသည်ပင်။
ထိုလူက သူ၏ဘယ်လက်ကို သူ့ဝမ်းဗိုက်ပေါ်တင်ပြီး အနည်းငယ်ဦးညွှတ်ကာဆိုလာသည်။
"ဒုတိယသခင်လေး... ကျွန်တော်က ဥက္ကဋ္ဌချီရဲ့ လက်ထောက်ပါ...ဥက္ကဋ္ဌချီက ဒီ RV ကို သခင်လေးဆီ မောင်းပို့ခိုင်းလို့ပါ"
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး