Chapter 160
မွန်းတည့်နေက အရမ်းပြင်းသည်။ စစ်မြေပြင်ဆေးရုံ၏ ပျက်စီးယိုယွင်းနေသော ပြတင်းပေါက်များမှတစ်ဆင့် နေရောင်က ဝင်ရောက်လာပြီး သတိလစ်နေသော ဝူကျင်းထုံး၏ မျက်နှာကို လာထိုးသည်။ဝုကျင်းထုံ၏ မျက်တောင်များ တဖျပ်ဖျပ်ခတ်လာသည်။ ခြေထောက်ရှိ နာကျင်ကိုက်ခဲမှုနှင့် ကြီးမားသော သွေးဆုံးရှုံးမှုများက သူ့မျက်ခွံပေါ်တွင် ကျောက်တုံးတစ်ခု ဖိထားသလို ခံစားရစေသည်။ သူ မျက်ခွံများကို ဖွင့်၍မရခဲ့။
ခဏအကြာတွင် သူ နောက်ဆုံးတွင် မျက်လုံးဖွင့်ရန် ရုန်းကန်ပြီး ပတ်ပတ်လည်ကို ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်သည်။
——— ငါဘယ်ရောက်နေတာလဲ
"တပ်ကြပ်ကြီးဝူ ရှင်နိုးပြီလား"
ထိုအချိန်တွင် သူနာပြုတစ်ဦးက ဆေးဗန်းနှင့်အတူ ဝင်လာသည်။
"ကျွန်မ ရှင့်ကိုပတ်တီးလဲပေးလို့... နည်းနည်းနာလောက်တယ်... သည်းခံပေးပါ"သူမက စကားပြောနေရင်း သူ့ခြေထောက်ပေါ် ပိတ်စကို ဖြည်ပြီး ဒဏ်ရာကို သုတ်ပေးကာ ရောင်ရမ်းမှု သက်သာစေသော ဆေးဖြန်းသည်။ ရောင်ရမ်းမှုဆန့်ကျင်ဆေးသးက အလွန်နာကျင်သည်။ဝူကျင်းထုံ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
"ရဲဘော်... ငါ ဆေးရုံမှာလား"
"ဟုတ်တယ်...မနေ့ညက ရှင့်ခြေထောက်ကို သေနတ်နဲ့အပစ်ခံရလို့ ရှင့်ရဲ့ရဲဘော်တွေက ဆေးရုံကို ပို့လိုက်တာ"
"ရှေ့တန်းက အခြေအနေ ဘယ်လိုလဲ"
ဝူကျင်းထုန်က မေးသည်။
"မနေ့ညကတိုက်ပွဲမှာ သူတို့ နိုင်လား""အသေးစိတ်တော့ မသိဘူး...ရန်သူက စစ်ကူပို့တယ်လို့တော့ ကြားတယ်... တိုက်ပွဲက မပြီးသေးဘူးထင်တယ်"
၎င်းကိုကြားသောအခါ ဝူကျင်းထုံက ထထိုင်လိုက်ပြီး ကုတင်ပေါ်ကနေ ခြေဗလာနှင့် ဆင်းမည်ပြုသည်။သူက ဆေးဗန်းကို မတော်တဆ တိုက်မိလိုက်ရာ ဆေးပုလင်းများ ကြမ်းပြင်ပေါ် ပြုတ်ကျကာ တချွမ်ချွမ်မြည်လျက် လှိမ့်သွားသည်။
သူနာပြုက အမြန်တားလိုက်သည်။ "တပ်ကြပ်ကြီးဝူ လှဲအိပ်နေပါ...ရှင့်ခြေထောက်က လှုပ်လို့မရဘူး"
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး