Chapter 44
ချီရှင်းချန် သူ၏Buickကားထဲမှ ထွက်လာသည်နှင့် သူ့ဘေးတွင် ကားရပ်ထားသည့် Mercedes-Benz ကိုတွေ့လိုက်ရသည်။ တံခါးပွင့်လာပြီး သက်တော်စောင့်ဝတ်စုံဝတ်ထားသည့် လူနှစ်ယောက် ခုန်ထွက်လာခဲ့၏။ တစ်ယောက်က နေကာထီးကိုဖွင့်ပြီး ကျန်တစ်ယောက်က သူဗိုက်ရှေ့မှာ လက်တွေကို ကန့်လန်ဖြတ်ထားလိုက်သည့။ သူတို့က အလွန်ကိုကောင်းမွန်စွာပြုမှုခဲ့ကြသည်။
"ဒါက ဘယ်စူပါစတားလဲ"
အန်းရန်က ချီရှင်းချန်းနားသို့ ကပ်လာသည်။
"ဖုန့်ချင်းယွမ်လား"ဖုန့်ချင်းယွမ်က လုပ်ငန်းနယ်ပယ်တွင် နာမည်ကောင်းရှိသည်။ သူသည် အနုပညာနယ်ပယ်တွင် ဆယ်နှစ်ကျော်ကြာ လုပ်ကိုင်လာခဲ့ပြီး မည်သည့်အရှုပ်အရှင်းများနှင့်မျှ မပတ်သက်ခဲ့ပေ။သူက ရှားရှားပါးပါး ဘွဲ့ရပညာတတ် သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့သည်။ချီရှင်းချန် ခေါင်းယမ်းလိုက်သည်။
"အဲလို ဟုတ်ပုံမရဘူး...သူ့ကို စောင့်ပြီး အတူတူ တက်ကြရအောင်"
သူတို့က တစ်လလောက် အလုပ်အတူတူလုပ်တော့မှာဖြစ်သဖြင့် သူ့ကို မနှုတ်ဆက်ပါက ရိုင်းရာကျလိမ့်မည်။
အန်းရန်က ချီရှင်းချန်၏နောက်တွင် နာခံမှုရှိရှိဖြင့် ရပ်လိုက်သည်။ တစ်မိနစ်အကြာတွင် သူမ စူပါစတားကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။
စူပါစတားသည် ပေါ့ပေါ့ပါးပါး ၀တ်စုံကို ဝတ်ဆင်ထားပြီး ခြေကျင်းဝတ်များကိုဖော်ထားသည်။သူက ပြောင်လက်နေသော Valentino သားရေဖိနပ်တစ်ရံကို ဝတ်ဆင်ထားသည်။
သူ၏ဆံပင်သည် နာမည်ကြီး ကိုရီးယားစတိုင်ရှေ့ချပုံစံဖြစ်ပြီး နှာတံမြင့်မြင့်နှင့် မေးစေ့ချွန်ချွန်တို့ရှိသည်။ နေကာမျက်မှန်က သူ့မျက်နှာအများစုကို ဖုံးအုပ်ထားသည်။
အန်းရန်က "အဲဒါသူပဲ" ဟု တိုးတိုးလေးပြောသည်။
"ဘယ်သူလဲ"
"ရှုရှန် ...ဒီနှစ်မှာ အသက်၂၆ နှစ်...သူက ကျောက်မီးသွေး သူဌေးရဲ့သား...သူ့အဖေက သတ္တုတွင်းတစ်ခု ပိုင်တာကြောင့် သူက သူ့အဖေကို ဝဘ်ဒရာမာတချို့မှာ ရင်းနှီးမြှုပ်နှံဖို့ တောင်းဆိုခဲ့တယ်...အခု သူက ဒုတိယအဆင့်နဲ့ တတိယအဆင့်ကို ရောက်နေပြီ"
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး