Chapter 87📚

2K 293 2
                                    

Chapter 87

ဝေချင်ကို ထိုနေ့ညက သူဘယ်မှာရှိမှန်းပင် မသိလောက်အောင် သူဒေါသထွက်သွားခဲ့သည်။ ကျန်သည့်အချိန်တွေ၌ဝယ် ပိုင်ရဲ့ကို မျက်နှာမပြချင်သောကြောင့်  F အတန်းနှင့်မနက် 2 နာရီ 3 နာရီအထိ လေ့ကျင်ခဲ့သည်။

ပိုင်ရဲ့က သူ့ကို နို့လာမတိုက်ခြင်း မဟုတ်ပေ။သူက သူ့ဘာသူသူ လွတ်သွားခြင်းပင်။

ချီရှင်းချန် စိတ်အခြေအနေ အနည်းငယ် ပိုကောင်းလာပြီး သူနှာသီးဖျားကို ပွတ်သပ်လိုက်သည်။

ပိုင်ရဲ့က သက်ပြင်းချလိုက်ပြီးဆက်မေးသည်။ "မင်းမှာ တခြားဘာမကျေနပ်မှုတွေရှိလဲ...ငါ့ကို ပြောပြ"

"… ဘာမှ မရှိတော့ဘူး"

ကိစ္စတွေကို ဖုံးကွယ်မထားနိုင်သည့် ဖန်ငယ်လေး၏ စရိုက်အရ နားလည်မှုလွဲမှု ပြေလည်သွားပါက ကျေနပ်ပြီး အိပ်ရာဝင်မှာ သေချာ၏။ယခု သူကထိုနေရာမှာ ရပ်နေတုန်းပင်။ ဘာမှမဖြစ်တော့ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ...

ပိုင်ရဲ့ သက်ပြင်းချလိုက်ပြီး သူ့ရှေ့ကို လျှောက်သွားကာ နဖူးမှာကပ်နေသည့် ဆံပင်လေးကို လှမ်းရိုက်လိုက်သည်။ချီရှင်းချန်၏မျက်လုံးတစ်ဝိုက်မှာ အနီရောင်စက်ဝိုင်းတွေ ရှိနေသည်ကို သူရုတ်တရက် တွေ့လိုက်ရသည်။ ရှင်းရှင်းပြောရလျှင် သူ့စိတ်ထဲမှာ(ချီ) အများကြီးရှိနေသည်။

"မင်းဝမ်းနည်း​တာကို ငါမမြင်ချင်ဘူး"
ပိုင်ရဲ့ သူ၏ခြောက်သွေ့နေသော ဆံပင်တစ်ဝက်ကို လက်နှင့်ရစ်လိုက်သည်။
"ငါကိုပြောပါကွာ"

ချီရှင်းချန်က ခေါင်းယမ်းလိုက်သည်။

ပိုင်ရဲ့ : "ငါက idol တစ်ယောက်ဖြစ်ခဲ့တာ ခုနစ်နှစ်ရှိပြီ...ဒါပေမယ့် ငါ့ရဲ့ဖန် နဲ့ ဒီလောက် ရင်းနှီးတာ ဒါပထမဆုံးအကြိမ်ပဲလေ...ငါ့ကို ကိုယ့်ကိုယ်ကိုယ် ပြုပြင်ဖို့ အခွင့်အရေးပေးရမယ်လေနော် ဟုတ်ပြီလား"

သူ့လေသံက ညင်သာလွန်း၍ဖြစ်ပါစေသို့မဟုတ် "ပထမဆုံး အကြိမ်ရင်းနှီးမှု" ဆိုသည့် စကားလုံးက အဓိကနေရာကို ထိသွားသည်။ချီရှင်းချန်၏ ရက်ပေါင်းများစွာ မကျေမနပ်မှုများသည်  ပေါက်ကွက်ထွက်လာသည်။ သူတို့ကို မဖိနှိမ့်နိုင်တော့ပေ။

 အမြောက်စာမိသားစုကို ငါရလိုက်တယ်Where stories live. Discover now