Chapter 59
အတန်းဖော်တစ်ယောက်ဆီက အရိုက်ခံရပြီး ဆေးရုံကို ပို့လိုက်တယ်...ထောင်ရွှမ်ကို ဘယ်တော့မှ အနိုင်ကျင့်တော့မှာမဟုတ်ဘူးလို့ ချီကျားကျစ်က သူ့ကို ကတိပေးထားတယ်မဟုတ်ဘူးလား...
အခြားအတန်းဖော်ဖြစ်နိုင်လား...
ချီရှင်းချန်၏စိတ်ထဲတွင် ရှုပ်ထွေးနေသည်။ သူ အကြိမ်ရေ အနည်းငယ် အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် အားတင်းလိုက်သည်။ သူ၏နောက်ဆုံးမျှော်လင့်ချက်ကို ဆုပ်ကိုင်ထားရင်း သူက အန်းရန်ကိုပြောလိုက်၏။
"အစ်မအန်းရန် ကျွန်တော် ခဏသွားဦးမယ်...ကျွန်တော့် ပစ္စည်းတွေကို ဟိုတယ်ကို ပြန်ပို့ပေးပါ"
အန်းရန်က မေးလာသည်။
"ဘယ်သွားမလို့လဲ""ဆေးရုံ"
ဖြစ်ပြီးနေပြီဆိုမှတော့ ရိုက်ကွင်းမှာထိုင်စောင့်နေတာက အသုံးမဝင်ဘူး...
သူက အမြန်ပြေးထွက်ပြီး ကားထဲသို့ ခုန်ဝင်ကာ လောင်ချင်ကို ရှန့်ယွီလျန်၏ ကားနောက်သို့ လိုက်ရန် ညွှန်ကြားခဲ့သည်။နာရီဝက်အကြာတွင် ရှန့်ယွီလျန်က ပြည်သူ့ဆေးရုံအဝင်ပေါက်တွင် ရပ်လိုက်သည်။ချီရှင်းချန်လည်း ကားပေါ်မှ ဆင်းကာ ဆေးရုံ၏ ခြောက်လွှာသို့ လိုက်သွားခဲ့သည်။
ဆဌမထပ်ရှိ အဆောင်နံပါတ်လေးတွင် ကောင်လေးတစ်ယောက်သည် IV တန်းလန်းဖြင့် ကုတင်ပေါ်တွင် လဲလျောင်းနေသည်။ မျက်လုံးများက မှိတ်ထားပြီး သူ့အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။
ထောင်ထောင်က ကုတင်အစွန်းမှာ ထိုင်ရင်း မျက်လုံးတွေ နီရဲနေသည်။ သူမက ထောင်ရွှမ်ကဲ့သို့ ကျောင်းဝတ်စုံဝတ်ထားသည့် ကောင်လေးကို မေးနေသည်။
ပိုဆိုးသည်က လူနာဆောင်၏အလယ်မှာ တတိယလူက ရပ်နေ၏။
သူသည် အနက်ရောင် တီရှပ်အင်္ကျီ၊ ထိပ်မြင့် Martin ဘွတ်ဖိနပ်နှင့် သူ၏ အမှတ်အသား မီးခိုးရောင် ဆံပင်တို့ကို ဆင်မြန်းထားသည်။ချီရှင်းချန် သူ့နောက်ကျောကိုကြည့်ရုံနှငွ သူဘယ်သူလဲဆိုတာ ပြောနိုင်၏။
YOU ARE READING
အမြောက်စာမိသားစုကို ငါရလိုက်တယ်
Randomပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး