Part 103

442 64 0
                                    


CHAPTER (103)

ရှောင်ကျွယ် ပြောသကဲ့သို့ ပိုင်ရှင်မဲ့ အမျိုးသမီးအလောင်း ၂၃ လောင်းကို လျန်ကျိုးမြို့အပြင်ဘက်ရှိ ချန်ဖန်ကုန်းဂမူလေးပေါ်တွင် မြှုပ်နှံ့ပေးခဲ့သည်။ ထိုမှကြည့်လျှင် တိမ်နှင့်မြူများ အုံ့ဆိုင်းနေသည့် နတ်ဗိမာန်လေးတစ်ခုကဲ့သို့ သာယာလှသည့် တောင်ကြားလမ်းလေးကို မြင်နိုင်သည်။

အခေါင်းများကို စွန်းအိမ်တော်မှ အကောင်းဆုံးအရည်အသွေးရှိသည့် ငွေများဖြင့် ပြုလုပ်ပေး ခဲ့သည်။ စွန်းမိသားစုသည် လွန်ခဲ့သောနှစ်များအတွင်း မတရားမှုကြောင့် အဆမတန်ကြွယ်ဝချမ်းသာလာခဲ့ပြီး ၎င်းတို့ရရှိလာသည့် တံစိုးလက်ဆောင်များ သိုလှောင်ရန် ‌ရတနာဂိုထောင်များဖြင့် ဆောက်လုပ်ထားခဲ့ရသည်။ ထိုဂိုထောင်မှ ငွေများဖြင့် အခေါင်းနှစ်ဆယ့်သုံးခုသွန်းလုပ်ပေးခဲ့သည်။

ထိုမိန်းမပျိုအလောင်းများသည် ပိုင်ရှင်မဲ့၊ ဇာတိမဲ့အလောင်းများဖြစ်နေသဖြင့် အဆုံးသတ်အုတ်ဂူစိုက်ရာတွင် မည်သည့်အရာမှ ရေးမထိုးနိုင်ပေ။ အမည်မဲ့ကမ္ဗည်းအုတ်ဂူ နှစ်ဆယ့်သုံးခုဖြင့် မိန်းမငယ် နှစ်ဆယ့်သုံးဦးတို့ ဤလေသာကုန်းလေးပေါ်တွင် အိပ်စက်အနားယူနေကြသည်။ သေလွန်ပြီးနောက်ဘဝရောက်သော် ‌ဤနေရာ၌ထိုင်၍ လေနှင်ရာခရီးလွှင့်နေသည့် တိမ်များကို ထိုင်ငေးကြည့်‌နိုင်ကြလောက်မည်။ ရှောင်ကျွယ်ပြောသကဲ့သို့ ပြန်လည်မွေးဖွားခဲ့သော် လွတ်လွတ်လပ်လပ် လေနှင်ရာလွင့်နိုင်ကြပေမည်။

ဟယ်ယန်နှင့် စုန့်ထောင်ထောင်တို့ မလှမ်းမကမ်း‌တစ်နေရာ၌ ရပ်နေပြီး ဘေး၌ ချီဝူအစောင့်အရှောက်ဖြင့် မြေပေါ်တွင် ရွှေစက္ကူမီးရှို့နေသူများကို ကြည့်ရှုနေသည်။ ထိုမိန်းမငယ်များ မြေချဇာပနသို့ ရှောင်ကျွယ်မလာခဲ့ပေ။ ရွှေစက္ကူ မီးရှို့နေကြသူများသည်လည်း ပျောက်ဆုံးနေသည့် မိန်းမပျိုများကို ရှာဖွေနေကြသူများဖြစ်ပြီး မိမိတို့ချစ်ခင်ရသည့် ထိုမိန်းမပျိုများကို ရှာမတွေ့နိုင်ခဲ့ကြသူများ ဖြစ်သည်။ အမှန်ဆိုသော် စွန်းလင်မှ ပြန်ပေးဆွဲသတ်ဖြတ်ခဲ့သည့် မိန်းမပျိုအများစုသည် အလောင်းမဲ့ပျောက်ဆုံးနေခဲ့ဆဲဖြစ်ပြီး အသေကောင်စားသတ္တဝါများကြောင့် အရိုင်းသဘာဝအတွင်း ပျောက်ကွယ်ခဲ့ရသည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now