236 49 6
[Unicode]
Chapter (2.2) - ဖာ့ခ် မင်းအဖေအတွက်ကျင်းတူးပေးနေတာလား။ မင်းနှမပဲဟေ့....
ချင်းလောင်နှုတ်ခမ်းတွေပင် တွန့်သွားရသည်။
- ငါမင်းကိုဘာမှမပြောရသေးဘူးလေ။ ဘာကိစ္စ နှစ်သက်မှုတွေ ထပ်ကျသွားရပြန်တာလဲ။
ညင်သာနူးညံ့သည့် အတန်းတက်ခေါင်းလောင်းသံလေး နောက်တစ်ခါမြည်လာချိန်မှာတော့ ချင်းလောင်တစ်ယောက် ယဲ့ချန်၏သရော်သံတိုးတိုးကို ကြားလိုက်ရသည်။
ချင်းလောင်နားလည်ပါသည်။ အတန်းရဲ့ဘိတ်ချီးက ရုတ်တရက်ကြီး ကျောင်းသားကောင်းတစ်ယောက်လို ဟန်ဆောင်နေတယ်ဆိုပြီး ပျက်ရယ်ပြုတာဖြစ်နိုင်သည်။
ချင်းလောင်သည် သူဘာမှမကြားသလို ဟန်ဆောင်ကာ ယဲ့ချန်ကိုလည်း တစ်နေ့လုံးစကားမပြောပေ။
ယဲ့ချန်ကလည်း တစ်နေ့လုံး စကားမပြောဘဲ နေနိုင်သူဖြစ်သည်။ အဲဒါကြောင်မူလပိုင်ရှင်က သူ့ကို 'မဟောင်တတ်တဲ့ခွေး'ဟု ပြစ်တင်ရှုံ့ချလေ့ရှိသည်။
မူလပိုင်ရှင်က ဇာတ်လိုက်အပေါ် တော်တော်လေး အမှိုက်ဆန်ဆန် စော်ကားပြောဆိုခဲ့တာ ဖြစ်နိုင်သည်။
ယဲ့ချန်ဟာ ဘယ်လောက်ပဲ စော်ကားပြောဆိုခံရပါစေ လျစ်လျူရှုထားသည်။ မူလပိုင်ရှင်က သူတစ်ပါးကို နာကျင်‌အောင်လုပ်ပြီး ပျော်ရွှင်မှုကိုရှာဖွေတတ်သည့် အောက်တန်းကျသူတစ်ယောက်ဖြစ်သည်။
သူဟာ တစ်ဘက်လူက တိတ်ဆိတ်နေသည့်တိုင် သူ့ကိုတင်မဟုတ်ဘဲ မိဘတွေကိုပါ ထိပါးပြီး အချိန်တိုင်းဆိုသလို စော်ကားနေတတ်သည်။
ယဲ့ချန်အနေဖြင့် သူသည်းမခံနိုင်ဝောာ့လျှင်ပင် မျက်ထောင့်နီများဖြင့် တစ်ခါ၊ နှစ်ခါလောက် စိုက်ကြည့်ရုံသာတတ်နိုင်သည်။ တစ်ကယ်တမ်း သူချင်းလောင်ကို ဘာမှသွားလုပ်လို့မရပေ။
ဆရာ၊ ဆရာမတွေကလည်း သူ့ရဲ့အပြုအမူကို မှတ်တမ်းမှာရေးထားပေမဲ့ ချမ်းသာပြီးအာဏာရှိတဲ့ မိသားစုက ကလေးတွေကို အပြစ်မပေးရဲပေ။
တဖြည်းဖြည်းနဲ့ပဲ ယဲ့ချန်ဟာ ပိုတိတ်ဆိတ်သွားကာ ပိုပြီးတော့လည်း သည်းခံတတ်လာသည်။
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင်ဂယ်လ်ခွေးအဆုံးသတ်စနစ်] Mm TranslationWhere stories live. Discover now