(Unicode)
Chapter (24.2)–အလဲအလှယ်အနေနဲ့ကွာရှင်းပေးပါ့မယ်
နောက်တစ်နေ့နံနက်၌ ဖုန်းမြည်သံကြောင့် နိုးလာခဲ့သည်။ အဲဒါက သူ့ရဲ့ကောင်းမွန်တဲ့ လက်ထောက်ကြီးဖြစ်သည့် ယောက္ခမဆီကဖြစ်သည်။
သူသေသေချာချာ နိုးသွားပြီး အက်ကွဲနေသောလေသံဖြင့် အမြန်ဖြေလိုက်သည်။
"အမေ..."
"ရှောင်လောင်... သားအိပ်နေတုန်းလား။ အမေ ယန်ဟန့်ကို အိမ်မှာ ရက်နည်းနည်းလောက် နေခိုင်းလိုက်မယ်နော်။ သဘက်ခါကျရင် အမေလာတွေ့ဦးမယ်"
တစ်ဘက်လူ၏စကားလုံးများက ချင်းလောင်၏ အိပ်ရာကို လာရောက်စစ်ဆေးဖူးသည့် ဆရာအကြောင်း သတိရမိသွားစေသည်။
"အမေ... အမေ လာဖို့မလို...."
ချင်းလောင် ဆို့နင့်စွာ ရပ်တန့်သွားရသည်။ သူ ယန်ဟန်နှင့် ကွာရှင်းရန် ဆုံးဖြတ်ထားကြောင်း အမေသိသွားပါက စိတ်ထိခိုက်လိမ့်မည်။
"အမေ... ကျေးဇူးတင်ပါတယ်"
"အို ရှောင်လောင်ရယ်... ဘာပဲဖြစ်ဖြစ် ယန်ဟန်က သားအပေါ်အမှားလုပ်မိနေတာလေ။ သားကြောင့်သာမဟုတ်ရင် အခုအချိန်ထိ အမေအသက်ရှင်နေမှာမဟုတ်ဘူး။ ဒါပေမဲ့ ယန်ဟန်... သူကတော့..."
အမျိုးသမီးသည် သက်ပြင်းကို လေးတွဲ့စွာချလိုက်သည်။
"အခုတော့ အမေသားကို ဒီအကြံပေးခဲ့မိတာတောင် နောင်တရမိတယ်။ သားက ဒီထက်ပိုပြီး ထိုက်တန်တာကိုကွယ်..."
ချင်းလောင် နှာရှုံ့လိုက်ပြီး မငိုမိအောင် ထိန်းထားလိုက်သည်။
"မဟုတ်တာ အမေရယ်... ကျွန်တော်က အမေ့ကိုတောင် ကျေးဇူးအများကြီးတင်နေတာပါ။ ကျွန်တော် ယန်ဟန့်ကိုချစ်တာမို့လို့ သူနဲ့လက်ထပ်ခွင့်ရတာက ကျွန်တော့်ဘ၀မှာ အပျော်ရွှင်ရဆုံးကိစ္စပါပဲ"
ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အနာကျင်ရဆုံးကိစ္စလည်း ဖြစ်နေပြန်သည်။
"သားဟာလေ အမြဲဒီလိုပဲ။ အမေကတော့ သားကို ယန်ဟန့်အပေါ်လျှော့ချစ်ပြီး နည်းနည်းလောက် တစ်ကိုယ်ကောင်းဆန်စေချင်မိတယ်"

CITEȘTI
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
DragosteDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...