(Unicode)
Chapter (24.1)–ငါမင်းနဲ့ အတူတူအိပ်လို့ရမလား
ကားထဲရောက်တော့ ယန်ဟန်က မျက်လုံးကိုမှိတ်လျက် အနားယူသည်။ ချင်းလောင်ကတော့ သူနှင့် ခပ်လှမ်းလှမ်းက ခုံပေါ်တွင်ထိုင်သည်။
အိမ်အပြန်ခရီးက သိပ်မဝေးပေမဲ့ နာရီ၀က်ကျော်ကျော်တော့ကြာသည်။ ချင်းလောင်သည် တိတ်ဆိတ်နေသော ယန်ဟန့်မျက်နှာကို တစ်ခဏလောက် ငေးကြည့်နေပြီး နောက်ဆုံးမှာတော့ ရှိသမျှသတ္တိတွေအားလုံးကို စုစည်းကာ ပခုံးထက်သို့ မှီလိုက်သည်။
သင်းပျပျရနံ့ရှိသည့် ခန္ဓာကိုယ်လေး သူ့ပခုံးထက်မှီကျလာချိန်မှာ ယန်ဟန် အလိုအလျောက် မျက်မှောင်ကြုပ်လိုက်မိသည်။
ထို့နောက် သူ့အပေါ်မှီကျလာသော ကောင်လေးကိုကြည့်ရန် မျက်လုံးဖွင့်လိုက်သည်။ ကောင်လေးသည် သူ့ကိုမောင်းထုတ်မှာစိုးရိမ်တာကြောင့် မျက်လုံးတွေကို တင်းတင်းမှိတ်ထားလေသည်။
မျက်တောင်များကတော့ ယန်ဟန်က သူ့အတွေးသေးသေးလေးကို ရိပ်မိသွားမှာစိုးသည့်နှယ် တဆတ်ဆတ်လှုပ်ခတ်နေလေသည်။
သူအရမ်းပင်ပန်းနေလို့ အမှတ်တမဲ့ ယန်ဟန့်အပေါ် မှီမိသွားသည့်နှယ်။
လွန်ခဲ့သည့် မိနစ်အနည်းငယ်က ယန်ဟန့်ဆီမှာရှိနေခဲ့သော အတွေးများသည် ဒီခဏတာလေးအတွင်း အနည်းငယ် လှုပ်ခတ်သွားရသည်။ သူ့လက်ကိုလှုပ်လိုက်ပေမဲ့ အဆုံးမှာတော့ သူ့အပေါ်မှီလာသည့် ကောင်လေးကို တွန်းမထုတ်ခဲ့ပါချေ။
သူမလုပ်ရက်ပါ။ အကြောင်းရင်းတစ်ချို့ကြောင့် ယန်ဟန်၏ နှလုံးသားထဲတွင် ဒီအတွေးသာ ရှိနေသည်။
ကားသည် လမ်းတစ်လျှောက် ချောချောမွေ့မွေ့ပင်။ အိမ်ပြန်ရောက်ချိန်၌ နောက်ခန်းထဲက လူနှစ်ယောက်လုံး အိပ်မောကျနေကြလေပြီ။
"မစ္စတာယန်... မစ္စတာချင်း..."
ဒရိုင်ဘာ၏အသံက တိုးလည်း မတိုး၊ ကျယ်လည်းမကျယ်လွန်းဘဲ အလျင်စလို ဖြစ်နေပုံလည်းမပေါ်ပါချေ။
ခေါ်သံကြားသည်နှင့် ယန်ဟန်နိုးလာသည်။ သူ့ပခုံးက အနည်းငယ်ထုံကျင်နေပြီး သူလှုပ်လိုက်သည်နှင့် ချင်းလောင်လည်း နိုးလာသည်။
![](https://img.wattpad.com/cover/367698833-288-k959554.jpg)
YOU ARE READING
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...