(Unicode)
Chapter (35.1)–ဇနီးလေးကို ခိုးနမ်းမယ်
ဒါကို ပြောရမည်ဆိုလျှင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်း ဖြစ်လုနီးနီးဟု အမည်တပ်နိုင်သည်။
ချင်းလောင်၏စိတ်ထဲတွင် 'ဘုန်း...' ဟူသော မြည်သံနှင့်အတူ ပေါက်ကွဲသွားပြီး သူ့မျက်နှာမှာလည်း ချက်ချင်းနီရဲတက်လာသည်။
နောက်ဆုံးတော့ သူသည်းမခံနိုင်တော့ပါချေ။ စောင်ကိုမကာ ထထိုင်လိုက်ပြီး ယန်ဟန့်ကို ဒေါသတကြီးပြောလိုက်သည်။
"မစ္စတာယန်... ဒါက ငါ့အိပ်ရာမို့လို့ ကျေးဇူးပြုပြီး ဆင်းသွားပေးပါ"
ယန်ဟန် မလှုပ်ပေ။ သူဟာ ခေါင်းကို လက်ဖြင့်ထောက်ထားရင်း ရှက်သွေးဖြာနေသည့် ချင်းလောင်ကို အပြုံးတစ်ပွင့်နှင့် ကြည့်နေရာမှ အလျင်မလိုဘဲ အေးအေးဆေးဆေး ပြောလိုက်သည်။
"မင်းကိုတွေ့ချင်လို့ တက်ရမဲ့ပွဲတွေအကုန် ပစ်ထားခဲ့ပြီး M မြို့ကနေ ဒီအထိ တစ်ညလုံး လေယာဉ်စီးလာရတာကို... ကိုယ့်အပေါ် ဘာလို့ ရက်စက်နိုင်ရတာလဲကွာ..."
ချင်းလောင် ထိတ်လန့်သွားသည့်။ သူ့နှုတ်ခမ်းလွှာများ တဆတ်ဆတ်တုန်သွားသော်လည်း ဘာမှမပြောသေးပေ။
အခုတစ်လော ယန်ဟန့်သတင်းတွေကို သူအာရုံမထားမိခဲ့ဘူး။ ဒါပေမဲ့ တစ်ခါတစ်ရံတော့ 'ယန်ဟန်' ဆိုသည့်စကားလုံးက အချိန်ရှိသမျှ hot search ထဲ ၀င်နေခဲ့သည်။
ဒါကြောင့် ယန်ဟန် မနေ့က M မြို့တော်မှာ ရုပ်ရှင်အသစ်အတွက် ပရိုမိုးရှင်းလုပ်ရမှာဖြစ်ကြောင်း သူသိခဲ့သည်။
M မြို့တော်က သူတို့အခု ရိုက်ကူးရေး လုပ်နေသည့် နေရာနှင့် အလွန်ဝေးကာ အနည်းဆုံး ငါးနာရီခန့်လေယာဉ်စီးရသည်။
လေယာဉ်ကွင်းမှ ဒီရွာငယ်လေးကိုရောက်ဖို့ ကားဖြင့် လေးနာရီခွဲ ထပ်စီးရသေးသည်။
ချင်းလောင်သည် တစ်ဖက်လူ၏မျက်နှာပေါ်တွင် စိတ်ဓာတ်ကျနေသော အမူအရာကလွဲလို့ တခြားဘာကိုမှ ရှာလို့မတွေ့ပါချေ။ ဒါကြောင့် သူ့လေသံကို နူးညံ့စေလိုက်သည်။
ESTÁS LEYENDO
စင်ဂယ်လ်ခွေးအဆုံးသတ်စနစ် [စင္ဂယ္လ္ေခြးအဆံုးသတ္စနစ္] Mm Translation
RomanceDescription ချင်းလောင်က သီးသန့်ဆန်သည့် ဥက္ကဌတစ်ယောက်ဖြစ်ပြီး အနေတည်ကြည်ကာ ခြေတံရှည်ရှည်များကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်သည်။ သူ့ကိုတိတ်တိတ်လေး crush နေကြသူတွေ မရေမတွက်နိုင်အောင်ရှိသော်လည်း သနားဖို့ကောင်းလှစွာပဲ 'စိန်စီထားသည့် အဆင့်အတန်းမြင့် စ...